Part 11 (Unicode)

18.3K 1.5K 185
                                    

နှောင်းအားတင်းပြီးနေပေမယ့် မိုးကပိုသည်းလာသလို လျှပ်းစီးတွေလက်ပြီး မိုးကြိုးတွေ ခဏခဏပစ်နေတာကြောင့် ကိုနစ်ကို အားကိုးတကြီး ဖုန်းခေါ်လိုက်တယ်။

“ဟဲလို ကိုနစ်လား။ ကျွန်တော် မိုးနှောင်းကမ္ဘာပါ။ မိုးတွေအရမ်းရွာပြီး လျှပ်စီးတွေလက်နေတာမို့ ကျွန်တော်အရမ်းကြောက်လို့ အိမ်ကိုပြန်လာလို့ရရင် ပြန်လာခဲ့ပေးပါ့လားဟင်။ အိမ်မှာ ကျွန်တော် တစ်ယောက်တည်းမို့ပါ”

“ဘာလို့ မင်းတစ်ယောက်တည်းလဲ။ အိမ်မှာ ယဉ်ယဉ်မရှိဘူးလား”

အလင်း သူငယ်ချင်းတွေနဲ့ ကလပ်ကိုရောက်နေတဲ့အချိန် မိုးနှောင်းကမ္ဘာ ဖုန်းဆက်လာပါတယ်။ လူက အရက်သောက်ထားတဲ့အရှိန်နဲ့ ရေချိန်‌ကိုက်ပြီး နည်းနည်းလေးလည်း ကောင်းနေပြီမို့ အလိုမကျတဲ့အသံနဲ့ ပြောလိုက်တယ်။

“ယဉ်ယဉ့်ကို ဖွားက မနက်ဖြန်မှ လာပို့မယ်ပြောလို့ပါ”

“ဟာကွာ ငါ ခုညပြန်မလာနိုင်ဘူး။ မင်းအဆင်ပြေသလို ကြိုးစားနေကြည့်လိုက်”

ကိုနစ်က ပြန်မလာနိုင်ဘူးတဲ့။ မိုးတွေကလည်း အရင်ကထက် ပိုသည်းလာသလို လျှပ်စီးတွေလည်း ပိုလက်လာပါတယ်။ ဒီလိုအချိန် သိုက်သာဆို အနားကို လာမပေးနိုင်ရင်တောင် နှောင်းကို တစ်ညလုံး မိုးမတိတ်မချင်း ဖုန်းပြောပေးမှာ။

သတိရတယ် သိုက်ရယ်။ ငါမင်းကိုအရမ်းလွမ်းတယ်။ သိုက်ကိုဖုန်းဆက်ဖို့ တွေးလိုက်မိပေမယ့် နှလုံးသားရဲ့အလိုကို ဦးနှောက်က အလိုမလိုက်နိုင်ခဲ့ဘူး။ နှောင်းမှာ ဘယ်လိုအခက်အခဲတွေပဲရှိရှိ သိုက်ကိုမဆက်သွယ်သင့်တော့ဘူးလေ။ နှောင်းဟာ အိမ်ထောင်သည်တစ်ယောက်ဖြစ်နေပြီမို့ ကိုယ့်အိမ်ထောင်ဖက်မဟုတ်တဲ့ တခြားတစ်ယောက်ဆီက ဒီလိုအကူအညီမျိုးကို မယူသင့်တော့ဘူးလို့ တွေးလိုက်မိတယ်။

ကြောက်စိတ်ကို အတတ်နိုင်ဆုံးဖယ်ကာ နားမှာနားကြပ်ကိုတပ်ပြီး သီချင်းသံကို ဂိတ်ဆုံးထိချဲ့လိုက်တယ်။ အခန်းဘေးက လိုက်ကာတွေအားလုံးကိုလိုက်ချပြီး လျှပ်စီးတန်းကိုမမြင်နိုင်အောင် တတ်နိုင်သလောက် ဖုံးကွယ်လိုက်တယ်။

ချစ်၍မုန်းခဲ့သည် (Season 1)Where stories live. Discover now