မနက်ဖြန်ဆို နှောင်းတို့လက်ထပ်ရတော့မယ်။ နှောင်းမင်္ဂလာပွဲအတွက် ဖေဖေလည်းရောက်လို့နေပါပြီ။ ဖေဖေ့ကို မျက်နှာချင်းမဆိုင်ရဲလို့ တစ်နေကုန်ရှောင်နေခဲ့မိတယ်။ တောင်းပန်ပါတယ်ဖေဖေ။ ဖေဖေတို့ကို နှောင်းကြောင့် မျက်နှာငယ်စေခဲ့မိလို့။ တကယ်ဆို မွေးလာကတည်းက နှောင်းကို အသေလေးမွေးလာခဲ့ရမှာ။
ယောင်္ကျားဖြစ်ပြီး ယောင်္ကျားချင်းပဲ စိတ်ဝင်စားတဲ့ ယောင်္ကျားမျိုး ဖြစ်မလာခဲ့သင့်ဘူး။ နှောင်းဆုတောင်းမှားခဲ့တာလား ကံအကြောင်း မလှခဲ့တာလား။ ကံကဆိုးရတဲ့အထဲ ချစ်တဲ့သူနဲ့ဝေးပြီး မချစ်တဲ့သူနဲ့ ပေါင်းရပြန်တယ်။ နှောင်းကို ကံကောင်းမှုလေးတွေ ပေးသနားလှည့်ပါဦးလား ကံကြမ္မာရယ်။
ခုချိန်ထိ နှောင်းဘာတွေဖြစ်နေတယ်ဆိုတာကို သိုက်ကိုမပြောရသေးဘူး။ အသိလည်း မပေးရက်သလို အသိလည်း မပေးရဲဘူး။ သိုက်ကို မဆက်သွယ်ခဲ့တာ ကိုကိုနဲ့ပြဿနာဖြစ်ကတည်းက ဒီနေ့ထိပေါ့။ လွမ်းတယ်သိုက် သတိလည်းရတယ်။
မနက်ဖြန်ဆို မင်းနဲ့ တရားဝင်ဝေးရတော့မယ်။ နောင်ဘဝဆိုတာများရှိခဲ့ရင် ငါကမင်းအတွက်ပဲ မွေးဖွားလာပြီး မင်းကလည်း ငါ့အတွက်ပဲ မွေးဖွားလာပေးပါ။ ငါတို့အချစ်တွေစစ်ခဲ့ရင် ဘဝတစ်ခုခုမှာတော့ ပေါင်းရမှာပါ။
နှောင်းအတွေးတွေလွန်နေတုန်း ဖေဖေက အခန်းထဲကို ဝင်လာတယ်။
“ဖေဖေ”
“နှောင်းလေး အဆင်ပြေရဲ့လား”
“ဟုတ်ကဲ့ဖေဖေ”
“စိတ်ညစ်နေလားသား”
“မညစ်ပါဘူးဖေဖေ။ ဘာလို့လဲဟင်”
“သားကိုကြည့်ရတာ မပျော်ရွှင်လို့လေ။ ဖေဖေ့နှောင်းလေး အရင်လို တက်ကြွလန်းဆန်း မနေတော့လို့လေ”
“သား အိမ်ထောင်ပြုဖို့ အဆင်သင့် မဖြစ်သေးလို့ပါဖေဖေ။ အိမ်ထောင်ပြုမယ်လို့ တွေးမထားခဲ့ဘဲ ဗြုန်းစားကြီး လက်ထပ်ရမှာဆိုတော့ သားအတွက် နည်းနည်းနေရခက်နေလို့ပါ”
“သိုက်ရော သားအိမ်ထောင်ပြုမှာကို သိရဲ့လား။ သိုက်ကိုရော သားပြောပြပြီးပြီလား”
YOU ARE READING
ချစ်၍မုန်းခဲ့သည် (Season 1)
General Fictionကိုယ့်အပေါ်သည်းခံပီး ဂရုစိုက်ပေးခဲ့တဲ့သူတစ်ယောက်ကို ဆုံးရှုံးရတဲ့အခါ ဆုံးရှူံးမှုကကြီးမားပါတယ်။ သူ့ကိုမုန်းနေမှန်းသိရက်နဲ့ သည်ခံဂရုစိုက်ပေးတတ်တဲ့သူမျိုးနဲ့ ဆုံခဲ့ဖူးပါသလား? သင်မုန်းလွန်းခဲ့ပါတယ်ဆိုတဲ့ လူတစ်ယောက်ကို လက်လွှတ်ဆုံးရှုံးမခံနိုင်တဲ့အထိ...