Part 13 (Zawgyi)

2.4K 219 6
                                    

“ချလွမ် . . .ခွမ်း . . . ဂလုံ”

အသံပေါင်းစုံ တီးလုံးသံအစုံအလင်ကြောင့် အလင်းအိပ်ရာက နိုးလာရ‌ပါတော့တယ်။ ဒီလောက်အစောကြီး အိမ်မှာလေပွေများ ဝင်မွှေနေသလားမှတ်ရတယ်။

မနက်အစောကြီးရှိသေးတာကြောင့် အိပ်ရေးမဝလို့ ဆက်အိပ်ချင်သေးပေမယ့် အသံပေါင်းစုံဆူညံနေတာမို့ ဆက်အိပ်လို့ မရတော့ပါဘူး။

အိပ်ရာကထပြီး အပြင်ကိုထွက်ကြည့်လိုက်တော့ မီးဖိုချောင်ဟာ မုန်းတိုင်းတိုက်ပြီးခါစ အခြေအနေထက်တောင် ဆိုးနေတာကို တွေ့လိုက်ရတယ်။

ထမင်းစားခန်းရဲ့ တမံသလင်းပေါ်မှာ ထမင်းအိုးဖုံးတွေ၊ ဆီတွေ၊ ဟင်းအိုးနဲ့အတူ ကြက်သားတုံးတွေ၊ ဖြူဖြူဖွေးဖွေး အမှုန့်တွေ၊ ဆန်တွေ ပြန့်ကြဲပြီး အိမ်ကို‌ မုန်းတိုင်း ဝင်မွှေသွားလိုက်သလိုပါပဲ။

တစ်ခန်းလုံးလည်း ရစရာမရှိတော့ပါဘူး။ အခန်းရဲ့အလယ် မွစာကြဲနေတဲ့ အရာတွေကြားထဲမှာ ဖြူဖြူဖွေးဖွေး အရာလေးတစ်ခု။ သေချာကြည့်လိုက်တော့မှ မိုးနှောင်းကမ္ဘာဖြစ်နေတယ်။

ခန္ဓာကိုယ်မှာလည်း အဖြူမှုန့်တွေကပ်နေပြီး တစ်ကိုယ်လုံးကို ပေပွနေပါတယ်။ ဖြူဖြူမှုန့်တွေကို ကြုံးထည့်နေတဲ့သူ့မှာ ကျွန်တော်နောက်ရောက်နေတာကိုတောင် မမြင်နိုင် မသိနိုင်လောက်အောင် ပျာယာတွေခတ်နေပါတယ်။

“မိုးနှောင်းကမ္ဘာ”

“အမေ့”

ကျွန်တော်ခေါ်လိုက်တာ တိုးတိုးလေးပေမယ့် သူ့မှာ ဘယ်လောက်တောင် လန့်သွားတယ်မသိ ခန္ဓာကိုယ်‌လေးတောင် တုန်သွားရှာတယ်။

“ကိုနစ် ဟီး”

နာမည်ခေါ်ပြီး သွားလာဖြဲပြနေတဲ့ မိုးနှောင်းကမ္ဘာ။ လူကို နွားကုန်သည်များ မှတ်နေလားမသိဘူး။

“အဲ့ဒါက ဘာတွေ ဘယ်လိုဖြစ်နေတာလဲ‌ဆိုတာကို ငါနားလည်အောင် ရှင်းပြပါဦး”

“ကိုနစ်ပဲ အိမ်အလုပ်တွေလုပ်ဆို။ ယဉ်ယဉ့်ကို ပြန်လွှတ်လိုက်တော့ ကျွန်တော့်ဘာသာ ကျွန်တော်ချက်မလို့ ပြင်လိုက်တာ။ ခုလိုတွေ ဖြစ်ကုန်တာပဲ”

ချစ်၍မုန်းခဲ့သည် (Season 1)Where stories live. Discover now