Part 18 (Zawgyi)

2.5K 221 7
                                    

သားသားတို့ကို မွေးပြီးပြီးချင်း အိမ်ခေါ်ချင်ပေမယ့် မိခင်နို့ရည် ခြောက်လတိုက်ချင်တယ်ဆိုတဲ့ ဖွားဖွားနဲ့အစ်မရဲ့ဆန္ဒအရ သားသားတို့ကို အစ်မအိမ်မှာပဲ ထားခဲ့ရတယ်။

အစ်မရဲ့ယောင်္ကျားကလည်းလူထွက်ပြီမို့ ယဉ်ယဉ်လည်း အိမ်ပြန်ရောက်နေပါပြီ။ နှောင်းတစ်ယောက်ကတော့ အစ်မတို့အိမ်နဲ့နှောင်းတို့အိမ်ကို ချောင်းပေါက်မတတ်သွားပြီး သားသားတို့ကိုတွေ့ရတာ‌အမော။

“မိုးနှောင်းကမ္ဘာ မင်းလည်း အိမ်ကပ်တယ်ကိုမရှိဘူး။ အပြင်မှာချည်းပဲ”

“သားသားတို့က အစ်မအိမ်မှာမို့ အစ်မအိမ်ကိုပဲ သွားသွား‌တွေ့နေရလို့ပါဗျာ”

“အဲ့ကလေးတွေလည်း အိမ်အမြန်ရောက်မှပဲ။ မဟုတ်ရင် ကလေး အကြောင်းပြပြီး အပြင်ထွက်ချင်နေ‌တဲ့သူကရှိတယ်”

ဒါဟာ နှောင်းကိုရွဲ့ပြောနေခြင်းဆိုတာကို နှောင်းရိပ်မိပါတယ်။ သားသားတို့ကလည်း အစ်မအိမ်မှာဆိုတော့ နှောင်းတစ်နေ့တစ်ခါတော့ ကျိန်းသေသွားရမှာပါပဲ။ ကိုနစ်ဘယ်လိုပဲပြောပြော နှောင်းကတော့ အပြောခံပြီးကို သားသားတို့ကိုသွားတွေ့မှာပါ။

နှောင်းကသားသားတို့ကို တစ်နေ့မှာ တစ်ခါ‌လောက်မတွေ့ရရင်တောင် မနေနိုင်မထိုင်နိုင်ဖြစ်နေတာကိုး။ ကိုနစ်ပြောလည်း သားသားတို့ ခြောက်လမပြည့်မချင်းကတော့ အပြောခံနေမှာပါပဲ။

“ကိုနစ် ကျွန်တော့်ကို အစ်မတို့အိမ် လိုက်ပို့ပေးမှာလား”

“မင်း တစ်နေ့တလေလေး အိမ်မှာမနေနိုင်ဘူးလား”

“ဟင့်အင်”

ဟုတ်တယ်လေ မနေနိုင်ပါဘူး။ သားသားတို့နဲ့မတွေ့ရရင်ကို မနေနိုင်ဘူး။

“ငါကမင်းလင်ဆိုတာရော သိသေးလား”

“အင်း”

နှောင်းကခေါင်းလေးငြိမ့်ပြတော့ ကိုနစ်က ခေါင်းကို ခပ်လေးလေးခါလိုက်တယ်။ ဘာအထာလဲဒါက အနော်ရထာလား။

တော်သေးတာပေါ့ ကိုယ်က သူ့လင်မှန်းသတိရသေးလို့။ တနေ့တနေ့ အိမ်ကပ်တယ်ကိုမရှိဘူး။ သူများအိမ်ကို နေ့တိုင်းသွားနေတာ အားမနာဘူးလားမသိဘူး။

ချစ်၍မုန်းခဲ့သည် (Season 1)Where stories live. Discover now