Unicode
ကျားယင် သတိပြန်လည်လာခဲ့တယ်။ သို့သော်လည်း အခု သူ့သားက ပြည်နှင်ဒဏ်အပေးခံခဲ့ရပြီး ကျန်းချုန်းကလည်း သူ့သားနဲ့ ဆက်ဆံရေးကို ဖြတ်တောက်ခဲ့တာကို သိလိုက်ရတဲ့အခါမှာတော့ သူ ဒေါသတကြီးဖြစ်လာပြီး ထပ်မံ ယိုင်လဲကျသွားလေတယ်။သူ့သားက သူ့အကြိုက်ဆုံး အလှလေးကို သူ့အပေါင်းအသင်းတွေနဲ့အတူ ဆော့ကစားခဲ့ကြတယ်။ ဒါက သူ့မျက်နှာကို လူပုံအလယ်မှာ ဖြတ်ရိုက်လိုက်တာပဲလေ။
တကယ်လို့များ ကျားယွမ်လင်းသာ ပြည်နှင်ဒဏ် အပေးမခံရဘူးဆိုရင် သူ(ကျားယင်)က သူ့(ကျားယွမ်လင်း)ကို ကျိုးပဲ့သွားအောင် ရိုက်နှက်ပစ်မိမှာဖြစ်တယ်။
သို့သော်လည်း ကျားယွမ်လင်းကို ပြည်နှင်ဒဏ် အနှစ်နှစ်ဆယ် အပေးခံရတာကို သူသိလိုက်ရတဲ့အခါမှာတော့ သူ့နှလုံးသားတစ်ခုလုံးက အရှင်လတ်လတ် ဆွဲဆုတ်ခံရသလိုမျိုး ခံစားရပြီး သူ့စိတ်အတွင်းမှာ ဒေါသနဲ့ နာကျင်မှုတွေသာ ကြီးစိုးလာခဲ့တယ်။
"သခင်ကြီး... အကမယ် သတိရလာပါပြီ..!"
ကျားမိသားစုရဲ့အိမ်တော်ထိန်းက အကမယ်အကြောင်းကို ကျားယင်ထံ အသိပေးလိုက်ပြီး သူ့နဖူးပေါ်က ချွေးအေးတွေကို သုတ်လိုက်တယ်။ကျားယင်ရဲ့အကြည့်တွေက အေးစက်လာပြီး အံကိုတင်းတင်းကြိတ်ထားလျက်
"အဲ့ဒီအပျက်မကို သတ်ပစ်လိုက်..!""ဒီအစေခံအိုကြီးက အခု သူမကို ဂိုထောင်ထဲမှာ သော့ပိတ်ထားခဲ့ပြီးပါပြီ... ခဏလောက်ကြာရင် သူမကို အဆိပ်ပြင်းတစ်ခွက်ပေးပြီး နာနာကျင်ကျင်နဲ့ မချိမဆန့်ဖြစ်ပြီး သေဆုံးရအောင် လုပ်လိုက်ပါမယ်..."
အိမ်တော်ထိန်းက အကြင်နာမဲ့စွာ ပြောလေတယ်။
ကျားယင် : "အဲ့ဒီဟာမမျက်နှာကို မသေခင် အရေခွံစုတ်ပစ်လိုက်..! သူ့လက်တွေ ခြေထောက်တွေကိုလည်း အပိုင်းပိုင်း ဖြတ်လိုက်..!"
ကျားယင်က အားကုန်သုံးပြီး ထထိုင်ဖို့ ကြိုးစားသော်လည်း မရပေ။ ဒါ့ကြောင့် မဲမှောင်နေတဲ့ မျက်နှာနဲ့ ကုတင်ထက်မှာ အိမ်တော်ထိန်းအကူအညီနဲ့ ခက်ခက်ခဲခဲ ကျောမှီနေလိုက်တယ်။ သူက အိမ်တော်ထိန်းကို ကြည့်လိုက်ပြီး
"အဲ့ဒီဟာမကို ရှင်လျက်နဲ့သေရတဲ့ ဘဝကို ခံစားကြည့်ခိုင်းလိုက်..!"
YOU ARE READING
Rebirth of Glory 重生之尊荣 [MM Translation]
Historical FictionAssociated Names : Rebirth of Glory 重生之尊荣 Author(s) : Huai Ruo Gu 怀若谷 Artist(s) : N/A Year : N/A Status in COO : Completed (535 Chapters + Extras) Licensed : Yes Completely Translated : N...