Chapter (36) Thank You For Saving Our Lives

3.3K 671 10
                                    

Unicode
ရှီတုရဲ့အသံစူးစူးက သည်းထန်စွာ ရွာနေတဲ့မိုးကို ဖောက်ထွက်သွားလေတယ်။ အဲ့တာက မြင်းစီးသမားအုပ်စုကို တောင်ပေါ်လမ်းမှာ ဘာတွေဖြစ်နေသလဲဆိုတာကို သိစေခဲ့တယ်။

ထိုအဖွဲ့ကို ဦးဆောင်လာပုံရတဲ့လူက သူ့ခေါင်းကို‌ မော့လိုက်ပြီး သူ့ရဲ့ဝါးခမောက်ရှည်ကနေ ပစ်လွှတ်လိုက်တဲ့ ဓားသဖွယ် ထက်ရှလှတဲ့ အကြည့်စူးစူးက လူတိုင်းရဲ့ နှလုံးသားထဲကို ထိုးစိုက်ဝင်သွားလေတယ်။ သန်မာပြီး ပြင်းထန်လှတဲ့ အရှိန်အဝါက သူတို့ခန္ဓာကိုယ်ကို မလှုပ်နိုင်အောင် လွှမ်းခြုံထားလေတယ်။

"မင်း ဘယ်သူလဲ..!"
ဓားမြခေါင်းဆောင်ရဲ့ မျက်နှာက အကြီးအကျယ်ကို ပျက်ယွင်းသွားတယ်။

‌ထိုအမေးစကားကို မြင်းစီးသမားအုပ်စုက ပြန်မဖြေကြပေ။ ထိုသူတွေက သည်းထန်နေတဲ့ မိုးကို ဖြတ်ပြီး သူတို့အနားကို အရှိန်နဲ့ ချဉ်းကပ်လာကြတယ်။

"ရပ်လိုက်..! မဟုတ်ရင် ငါတို့ မင်းကိုပါ သတ်ပစ်မှာနော်..!"
ဓားမြခေါင်းဆောင်က ကြောက်ကြောက်နဲ့ အော်လေတယ်။

မြင်းစီးသမားအုပ်စုက မရပ်ကြဘဲ ခေါင်းဆောင်ဖြစ်လောက်တဲ့လူရဲ့ အကြည့်ကလည်း အင်မတန်ကို စူးရှနေပြီး ဓားမြခေါင်းဆောင်ကို အနည်းငယ်တောင် ဂရုစိုက်နေပုံမပေါ်ချေ။

"မ‌အေ‌**... နားကန်းနေတာလားကွ..! ညီအစ်ကိုတို့..! ငါတို့တွေ ထပ်ပြီး အကြောလျော့ကြတာပေါ့..!"
ဓားမြခေါင်းဆောင်က ဆဲဆိုလိုက်ပြီး ကျယ်ကျယ်လောင်လောင်နဲ့ သူ့လူတွေကို အမိန့်ပေးလိုက်တယ်။

အစောင့်ဝမ်တို့ကို ဝိုင်းထားတဲ့ ဓားမြတွေက ရုတ်ချည်းဆိုသလို နည်းသွားလေတယ်။ အဲ့တာက အစောင့်ဝမ်တို့လူစုကို စိတ်သက်သာရာရစေတယ်။

အစောင့်ဝမ် : "ဦးလေးလီ..! အခွင့်ကောင်းရရင် ရှီတုကိုခေါ်ပြီး လှည်းပေါ်မှာ မြန်မြန်လေး သွားပုန်းနေလိုက်နော်..! ကျွန်တော်တို့ ဒီလူတွေကို ကိုင်တွယ်လိုက်မယ်..!"

"အင်း... ကောင်းပြီလေ..!"

အဲ့ဒီအချိန်မှာ ဓားမြတစ်ချို့က မြေ‌ကြီးထဲမှာ မြှုပ်ထားတဲ့ ထောင်ချောက်တွေကို ဆွဲလိုက်ကြပြီး မြင်းစီးသမားအုပ်စု နောက်ပြန်လှည့်ပြေးသွားမှာကို စောင့်‌နေကြတယ်။

Rebirth of Glory 重生之尊荣 [MM Translation]Dove le storie prendono vita. Scoprilo ora