Chapter (57) You Want to Help Us?

3.6K 735 25
                                    

Unicode
ယွီဝန်ထုန်က လင်းကျန်းရဲ့အခန်းဆီ ခြေဦးပြန်လှည့်လိုက်တယ်။

ယွီဝန်ထုန် ပြန်ရောက်လာတာကို တွေ့တော့ လင်းကျန်းက မျက်မှောင်ကြုံ့သွားတယ်။

"ကိုယ် မင်းကို အနှောင့်အယှက်ပေးဖို့ မဟုတ်ဘူး... မင်းက ထန်းယန်းမှာပဲ တစ်ချိန်လုံး နေလာခဲ့တာဆိုတော့ ကျန်းချုန်း လုပ်နေတာတွေကို သေချာပေါက် သိနေမှာပေါ့..."
ယွီဝန်ထုန်က ခုံမှာ ဝင်ထိုင်ရင်း လင်းကျန်းကို ကြည့်ပြီး ပြောလိုက်တယ်။

လင်းကျန်းက တိတ်တိတ်နေသာ နေလေတယ်။ သူ ယွီဝန်ထုန်နဲ့ ဘာစကားမှ မပြောချင်ဘူး။

ယွီဝန်ထုန် ထန်းယန်းကို ရောက်လာကတည်းက သူ့စိတ်အခြေအနေက တော်တော်လေး ပြင်းထန်ပြီး ဆိုးဝါးလာခဲ့တယ်။

ယွီဝန်ထုန်က ဘာစကားမှမဆိုဘဲ တိတ်နေတဲ့ လင်းကျန်းကို ထပ်ကြည့်လိုက်တယ်။
"မင်း ကိုယ့်ကို စိတ်ဆိုးနေတုန်းပဲလား..."

လင်းကျန်းက မပြုံးချင်ပြုံးချင်နဲ့ သူ့နှုတ်ခမ်းကို တွန့်လိုက်တယ်။
"မာရှယ်လ်.. ခင်ဗျားက နောက်နေတာပဲ... ကျွန်တော်လိုလူက ဘယ်လိုလုပ်ပြီး မာရှယ်လ်ကြီးကို စိတ်ဆိုးရပါ့မလဲဗျ... ကျွန်တော့်မှာ မာရှယ်လ်ကြီးကို အဲ့လိုခံစားမိအောင်လုပ်လိုတဲ့ စိတ်ကူးလည်း မရှိပါဘူး..!"

'ယွီဝန်ထုန်က ထန်းယန်းကို ဘာလို့ ရောက်လာခဲ့လဲဆိုတာ သူ သေချာ မသိဘူး... အဲ့လူရဲ့ ရည်ရွယ်ချက်ကို သူ မသိတဲ့အတွက် အရာရာတိုင်းကို ဉာဏ်နည်းစွာနဲ့ ဖွင့်ထုတ်ပြောမှာမဟုတ်ဘူး...'

အဲ့တာအပြင် ယွီဝန်မိသားစုရဲ့အစေခံက အတိတ်ဘဝတုန်းက သူ့အပေါ် စော်ကားပြောဆိုခဲ့တာတွေက သူ့ဦးနှောက်ထဲမှာ လတ်လတ်ဆတ်ဆတ်ကြီးကို ရှိသေးတယ်။

ဒါတွေကြောင့် ယွီဝန်ထုန်ဘက်က သူ့ကို ကူညီဖို့ ကမ်းလှမ်းလာတယ်ဆိုရင်တောင် ဒီလိုအရေးကြီးတဲ့ကိစ္စမျိုးကို အရဲစွန့်ပြီး အလောင်းအစား ထပ်မှာမဟုတ်ဘူး။

လင်းကျန်းရဲ့ တွန့်ဆုတ်နေတဲ့အသွင်ကို မြင်ပြီး ယွီဝန်ထုန်က ပြောလာတယ်။
"ကျန်းချုန်းက ဧကရာဇ်ရဲ့ တော်ဝင်ကိုယ်လုပ်တော်နဲ့ ဝမ်းကွဲတော်စပ်တယ်ကွ... တော်ဝင်ကိုယ်လုပ်တော်ကနေ မွေးဖွားထားတဲ့ မင်းသားလေးဆို အခု ဆယ့်ခြောက်နှစ်ထဲမှာ ရှိနေပြီ... နောက်တစ်နှစ်ဆိုရင်ပဲ အရွယ်ရောက်ပြီ... သူတို့ဖက်က ဒီအချိန်ကိုစောင့်နေတာ တော်တော်လေးကို ကြာပြီကွ... သူက တရားဝင်သားတော် မဟုတ်လို့ တစ်ခြားမင်းသားတွေကို အနိုင်ရဖို့ဆိုရင် သူ့အနေနဲ့ လုံလောက်တဲ့ အထောက်အပံ့တွေကို စုဆောင်းရလိမ့်မယ်... ပြီးတော့ ကျန်းချုန်းဆိုတာကလည်း သူ့ရဲ့နောက်ခံတွေထဲက တစ်ခုပဲ..."

Rebirth of Glory 重生之尊荣 [MM Translation]Où les histoires vivent. Découvrez maintenant