Chapter (35) Help!

3.2K 650 7
                                    

Unicode
"ပါလာသမျှ ပစ္စည်းတွေ အကုန်ထားခဲ့..! အဲ့လိုမှမဟုတ်ရင်တော့..!"
ဓားမြခေါင်းဆောင်က ကြောက်စရာကောင်းတဲ့ အပြုံးကို ပြုံးလိုက်ပြီး သူ့ဓားကို အစောင့်ဝမ်ဆီ ချိန်ထားလျက် ခြိမ်းခြောက်လိုက်တယ်။

"လှည်းနဲ့ မြင်းတွေကိုပါ ထားခဲ့လိုက်..!"
ဒီဓားမြတွေက အလွန်ကို လောဘကြီးကြပြီး သူတို့က ဘာတစ်ခုကိုမှ အလွှတ်ပေးမယ့်ပုံ မရချေ။

အစောင့်ဝမ်နဲ့ ကျန်သုံးယောက်က တုန်လှုပ်ခြင်းမရှိဘဲ မျက်နှာထားတင်းတင်းနဲ့ အသင့်အနေထားပြင်ပြီး ဓားမြတွေကို ကြည့်နေကြတယ်။

ထန်းယန်းမြို့၀န်းကျင်မှာ ဓားမြတွေက မင်းမူနေတဲ့အတွက် ဒီအခြေအနေကို သူတို့တွေ အသားကျနေပြီဖြစ်တယ်။

သို့သော်လည်း သူတို့ မျှော်လင့်မထားမိတာက နန်းမြို့တော်နဲ့ မနီးမဝေး နေရာမှာတောင် ဒီလိုမျိုး ပေါ်ပေါ်ထင်ထင်နဲ့ လုယက်ရဲတဲ့ ဓားမြတွေရှိနေမယ်ဆိုတာပဲ။ အဲ့ဒီထက် ပိုဆိုးတာက ဓားမြတွေရဲ့ အရေအတွက်က သူတို့ထက် များနေတာပဲ ဖြစ်တယ်။

ဒီနေရာက လိန်းထျန်းမြို့နဲ့ သိပ်မဝေးတာကြောင့် ဓားမြတွေကို လှည်းနဲ့ မြင်းတွေ ပေးလိုက်ရင်တောင် သူတို့ အကြာကြီး လမ်းလျှောက်ရမှာ မဟုတ်ဘူး။ ဒါပေမယ့် ဓားမြတွေက ဒါနဲ့တင် ကျေနပ်ပါ့မလား..!

"အိမ်တော်ထိန်း ကျွန်တော်တို့ ဘာလုပ်သင့်လဲ..!"
ရှီတုရဲ့ လက်ဖဝါး‌မှာ ချွေးစေးတွေ ထွက်လာပြီး ကြောက်လန့်လာတယ်။ သူ့အနေနဲ့ အသက်ရှုဖို့တောင် မရဲတော့ဘူး။

အိမ်တော်ထိန်းမျက်နှာက မဲမှောင်သွားပြီး သူ့အဝတ်အိတ်ထဲက စာအိတ်ကို ထုတ်လိုက်ပြီး သူ့အင်္ကျီအိတ်အတွင်းထဲ ထည့်လိုက်တယ်။ အဲ့ဒီနောက် အဝတ်အိတ်ကို ပြန်ချည်လိုက်ပြီး သူ့ပုခုံးထက်မှာ လွယ်လိုက်တယ်။

"မသေချင်ရင် ပြေးရမှာပေါ့ဟ..! မင်း အဝတ်အိတ်ကို ပုခုံးပေါ်မှာ သေချာလွယ်ထားလိုက်..!"

"ဘာလို့ အချိန်ဖြုန်းနေရတာလဲ..! ဘာလဲ..! မင်းတို့က ဒီအဖိုးရဲ့ ဓားကို မြည်းကြည့်ချင်တာလား..! လိုက်ကာကို ဖွင့်လိုက်စမ်း..! အထဲမှာ ဘယ်သူတွေများ ပါလာမလဲဆိုတာ သိချင်သေးရဲ့..!"
အပြင်ဘက်က ဓားမြတွေက စိတ်မရှည်တော့ဘဲ အော်လာကြတယ်။

Rebirth of Glory 重生之尊荣 [MM Translation]Wo Geschichten leben. Entdecke jetzt