Unicode
လင်းကျန်း : "ဒါနဲ့ ကျွန်တော့်ကို တစ်ယောက်ယောက်က ရှာနေတာများလား..?"ထိုလူအုပ်ကြီးက သူ့အကြောင်းပြောနေတုန်းမှာပဲ လင်းကျန်းက သူတို့ရဲ့အနောက်နားကနေ ပေါ်လာခဲ့တယ်။ လင်းကျန်းရဲ့ကိုယ်ပေါ်မှာ အရက်နံ့ နည်းနည်းရနေရုံကလွဲလို့ သူ့အဝတ်အစားတွေက သပ်ရပ်သန့်ရှင်းနေပြီး မလျော်ကန်တဲ့အပြုအမူကို စိုးစိမျှမတွေ့ရပေ။
ကျားယွမ်လင်းရဲ့ခွေး : "လင်းကျန်း... မင်း ဒီမှာ မျက်နှာလာပြဝံ့သေးတယ်ပေါ့..! ယွမ်လင်းက မင်းကို ညီအစ်ကိုတစ်ယောက်အနေနဲ့ အမြဲကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ်... အဲ့တာကိုတောင် မထောက်ထားဘဲ မင်းက သူ့အဖေရဲ့ကိုယ်လုပ်တော်နဲ့မှရွေးပြီး ဖြစ်ရလားကွ..!"
ထိုလူက လင်းကျန်းကို ဒေါသတကြီးနဲ့ အော်ဟစ်ပြီးတဲ့နောက်မှာတော့ ဥယျာဉ်ထဲကလူတွေက လင်းကျန်းကို သံသယအကြည့်နဲ့ ကြည့်လာတော့တယ်။
လင်းကျန်း : "မင်း ဘာစကားပြောလိုက်တာလဲ..?"
ကျားယွမ်လင်းရဲ့ခွေး : "ဟွန့်... မင်း ဘာလုပ်ခဲ့လဲဆိုတာ မင်းက ပိုသိမှာပေါ့ဟ... ငါတို့ကို ဖြေရှင်းချက်တစ်ခုခု အရင်ပေးသင့်တယ်လို့ကော မင်း မထင်ဘူးလားကွ..!"
'ဟက်... ကျားယွမ်လင်းရဲ့ အနားမှာရှိနေတဲ့လူတွေက သူ့ကို ဒီဖြစ်ရပ်မှာ ဆွဲချဖို့အတွက် အားသွန်ခွန်စိုက်နဲ့ကို ကြိုးပမ်းနေကြတာပဲ...'
လင်းကျန်းရဲ့အကြည့်တွေက အေးစက်လာပြီးနောက် အရှေ့ကို တမုဟုတ်ချင်း တိုးသွားလိုက်ပြီး ထိုလူ့ရဲ့ဝမ်းဗိုက်ကို အားပြင်းပြင်းနဲ့ ကန်ထည့်လိုက်တယ်။ နာကျင်စွာ အော်ဟစ်မြည်တမ်းလိုက်တဲ့အသံက ထွက်လာခဲ့ပြီး ထိုလူ မြေပေါ်ကို ဒူးထောက်ကျသွားခဲ့တယ်။
လင်းကျန်းရဲ့ ရုတ်တရက်ဆန်တဲ့ အပြုအမူကြောင့် လူတိုင်း အေးစက်တောင့်တင်းသွားကြတော့တယ်။
လင်းကျန်း : "ဟမ့်... ငါ့ကိုအပြစ်တင်ဝေဖန်ရဲရအောင် မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ..? မင်းရဲ့ညစ်ပတ်တဲ့ မျက်လုံးတွေကို သေချာဖွင့်ပြီး ငါဘယ်သူလဲဆိုတာ သေချာမြင်အောင်ကြည့်..! လင်းမိသားစုကို ဒီလိုမျိုး အပြစ်တင် စွပ်စွဲရဲရအောင် မင်းသတ္တိက တော်တော်လေးကို ကောင်းနေတယ်ပေါ့လေ ဟုတ်လား..!"
![](https://img.wattpad.com/cover/249279243-288-k433876.jpg)
BẠN ĐANG ĐỌC
Rebirth of Glory 重生之尊荣 [MM Translation]
Tiểu thuyết Lịch sửAssociated Names : Rebirth of Glory 重生之尊荣 Author(s) : Huai Ruo Gu 怀若谷 Artist(s) : N/A Year : N/A Status in COO : Completed (535 Chapters + Extras) Licensed : Yes Completely Translated : N...