Zawgyi
ဒီလေးနာရီအတွင်းမှာပဲ ထန်းယန်းမြို့ဂုဏ်ဆောင်ဖြစ်တဲ့ ကျားမိသားစုကတော့ ဩဇာကြီးလှပါတယ်ဆိုတဲ့ စစ်သူကြီး ကျန်းချုန်းတောင် မကူမကယ်နိုင်ဘဲ အလဲလဲ အကွဲကွဲဖြစ်ပြီး ပျက်စီးသွားတော့တယ်။ဒီအဖြစ်အပျက်ကို တွေးတောကြည့်မယ်ဆိုရင် ကျားမိသားစုကြီးက လင်းကျန်းဆိုတဲ့ လူတစ်ယောက်ကြောင့် ပျက်စီးသွားရတယ်ဆိုတာ သိကြလိမ့်မယ်။
ရုံးတော်မှာရှိနေတဲ့ လူတွေအားလုံးကလည်း ငတုံးတွေမဟုတ်တဲ့အတွက် လင်းကျန်းဆိုတာ လွယ်လွယ်နဲ့ သွားရှုပ်လို့မရတဲ့လူဆိုတဲ့ အရာတစ်ခုကိုတော့ ရှင်းရှင်းလင်းလင်း သိလိုက်ကြတယ်။
လင်းကျိုးဝမ်ရဲ့ပတ်ပတ်လည်မှာ လာရောက် ဂုဏ်ပြုတဲ့လူတွေနဲ့ ဝိုင်းနေပြီး လင်းကျန်းကိုပါ ထပ်တူချီးမြှောက်ကြတော့တယ်။
"လင်းသခင်လေးက တကယ်ကို အလားအလာရှိတဲ့ လူငယ်လေးပဲဗျ..."
"အစ်ကိုကျိုးဝမ်... အစ်ကိုတို့ လင်းမိသားစုကတော့ အနာဂတ်မှာ ဒီထက်မက အောင်မြင်မှုတွေ ရလာဦးမှာပဲ..!"
လူတွေအကုန်လုံးက သူတို့ကို ချီးမြှောက်နေကြသော်လည်း အခုထက်ထိ လင်းကျိုးဝမ်ကတော့ သူ့တူနဲ့ပတ်သက်ပြီး ရှုပ်ထွေးနေတုန်းပဲ ဖြစ်တယ်။
သူ့တူလင်းကျန်းက ဘယ်လိုကလေးလဲဆိုတာ လင်းကျိုးဝမ် ကောင်းကောင်းသိတယ်။ အခုတော့ လင်းကျန်းက ရုတ်တရက် တစ်ခြားလူတစ်ယောက်လို ပြောင်းလဲသွားခဲ့တာကို သူ ဘယ်လိုမှ စဉ်းစားမရဘူး။
လင်းကျိုးဝမ်က သူ့တူရဲ့ရင့်ကျက်လာမှုကို ပျော်သော်လည်းပဲ ဒီကိစ္စကြောင့် ဆိုးရွားတဲ့ အရာတစ်ခုခုကို သူ့တူ ကြုံတွေ့ခံစားခဲ့ရမှာကိုတော့ စိုးရိမ်ပူပန်မိလေတယ်။
လင်းကျိုးဝမ်က သူ့ရင်ထဲမှာ မုန်တိုင်းတိုက်နေသော်လည်း လာရောက်ဂုဏ်ပြုနေတဲ့သူတွေကို ဖော်ဖော်ရွေရွေနဲ့ ယဉ်ကျေးစွာပဲ တုံ့ပြန်မှုပြုလေတယ်။
လင်းကျန်းက လင်းကျိုးဝမ်ရဲ့အနားမှာ ရပ်နေပြီး သူ့မျက်နှာထက်မှာ မည်သည့်အမူအရာမှ မရှိဘဲ တည်ငြိမ်နေတယ်။ သို့သော်လည်း တစ်စုံတစ်ယောက်က သူ့မျက်လုံးကို သေချာကြည့်မယ်ဆိုရင်တော့ အေးစက်လွန်းနေမှုကြောင့် အထိတ်တလန့်ဖြစ်ပြီး တောင့်ခဲသွားနိုင်လေတယ်။

أنت تقرأ
Rebirth of Glory 重生之尊荣 [MM Translation]
أدب تاريخيAssociated Names : Rebirth of Glory 重生之尊荣 Author(s) : Huai Ruo Gu 怀若谷 Artist(s) : N/A Year : N/A Status in COO : Completed (535 Chapters + Extras) Licensed : Yes Completely Translated : N...