Chapter (38) Am I a Heart-breaker?

3.4K 728 24
                                    

Unicode
"အတင့်ရဲလိုက်တာ..! လင်းမိသားစုက စေ့စပ်ပွဲကို ဖျက်သိမ်းချင်တယ်တဲ့လား..! သူတို့ကို ရုံးတော်ကို ခေါ်လာခဲ့လိုက်..!"

အရပ်ရှည်ရှည်နဲ့လူက အခန်းထဲကို ရောက်လာတယ်။ ထိုသူ့အနောက်မှာ နေအလင်းက ဖြာကျနေတာကြောင့် အခန်းထဲက လင်းကျန်ရဲ့မျက်လုံးတွေက ဝေဝါးသွားပြီး ထိုလူ့ရုပ်သွင်ကို ကွဲကွဲပြားပြား မမြင်ရလေဘူး။ သို့ပေမယ့်လည်း ထိုလူက အခု ဒေါသတကြီးဖြစ်နေပြီး သူ့ကို သူ့အသဲကိုခွဲလိုက်တဲ့ လူယုတ်မာသဖွယ် စိုက်ကြည့်နေတယ်ဆိုတာ သူသိနေတယ်။

အဲ့ဒီလူက လက်ကို ‌ဆန့်တန်းလိုက်ပြီး သူ့ကော်လာကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်တယ်။
"မင်းထင်သလို ဖြစ်လာမှာ မဟုတ်ဘူး..!"

ထိုလူက အန္တရာယ်အငွေ့အသက်တွေနဲ့ ပြည့်နေတဲ့ မျက်လုံးနဲ့ သူ့ကို သေချာစိုက်ကြည့်နေတာကြောင့် သူ အသက်ရှုကြပ်လာခဲ့တယ်။

အဲ့ဒီနောက်မှာ ထိုလူက အခန်းထဲက‌နေ ဒေါသတကြီး ထွက်သွားပြီး တံခါးကို အပြင်ကနေ အသေပိတ်သွားခဲ့တယ်။

'မဟုတ်ဘူး... အဲ့လိုမျိုးမဟုတ်ဘူး... စေ့စပ်ပွဲကို ဖျက်သိမ်းတာက သူ.. သူက ဒီအတိုင်း....'

"ဟာ..!"
လင်းကျန်းရဲ့မျက်လုံးက အလန့်တကြား ပွင့်လာတယ်။ အဲ့ဒီနောက် သူ့အိပ်ခန်းထဲက မျက်နှာကြက်ကို ဗလာသက်သက် စိုက်ကြည့်နေမိတယ်။ သူ့စိတ်အစုံက အခုထိ အိမ်မက်ထဲကနေ ရုန်းထွက်မရ ဖြစ်နေပြီး သူ့နှလုံးသားကလည်း တုန်လှုပ်နေတယ်။

'ဘာများဖြစ်လို့လဲ..! သူက ဘာလို့ ထူးထူးဆန်းဆန်း အိမ်မက်တွေ မက်နေရတာလဲ..!'

လင်းကျန်းက သူ့နဖူးပေါ်က ချွေးတွေကို သုတ်လိုက်တယ်။

သူ့ဘေးကို ကြည့်မိလိုက်တော့ ရင်းနှီးနေတဲ့ ခေါင်းသေးသေးလေး တစ်လုံးကို တွေ့လိုက်တယ်။

ထိုအကောင်သေးသေးလေးက သူ့ကိုယ်ထက်မှာ လဲအိပ်နေပြီး ဟောက်တောင် ဟောက်နေသေးတယ်။ အဲ့တာက သူ့ခန္ဓာကိုယ်ပေါ် မီးလင်းဖိုအသေးစားလေး တင်ထားတာနဲ့တောင် တူနေတယ်။

လင်းကျန်း : '....'

နေ့လယ်တုန်းက အဆောင်ထဲမှာ သူတစ်ယောက်တည်း အိပ်နေခဲ့တာလေ..! လင်းမောင်းမောင်းက ဘယ်အချိန် ဘယ်လိုရောက်လာပြီး သူ့အနားမှာ အိပ်နေရတာလဲ..!

Rebirth of Glory 重生之尊荣 [MM Translation]Donde viven las historias. Descúbrelo ahora