Unicode
သူ့အရှေ့မှာရှိတဲ့လူက သူ့အကြိုက်နဲ့ ကွက်တိကျတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တဲ့အတွက် ရေခဲတမျှ အေးစက်တဲ့ ယွီဝန်ထုန်ရဲ့ မျက်နှာထက်မှာ မြင်ရဖို့ခက်လှတဲ့ နွေးထွေးတဲ့အပြုံးလေး ပေါ်လာတယ်။"ကိုယ်ဘယ်သူလဲဆိုတာ မင်းကို ပြောပြမှာပါ..! ဒါပေမယ့် ဒီနေရာက စကားပြောလို့ကောင်းမယ့်ပုံမပေါ်ဘူး..."
ယွီဝန်ထုန်က ပတ်ပတ်လည်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်တယ်။'ဟမ့်..! ဘယ်သူကများ သိချင်နေလို့လဲဟ..! ခင်ဗျားနာမည်ကို ဘယ်တော့မှမပြောလေ ပိုကောင်းလေပဲ...'
လင်းကျန်းက သူ့စိတ်ထဲမှာ တွေးလိုက်တယ်။အဖမ်းခံရတဲ့ ဆေးစိုက်ခင်းလုပ်သားတွေကို အမဲဝတ်စုံနဲ့လူတွေက အချုပ်အနှောင်ထဲက လွှတ်ပေးလိုက်တယ်။
ကင်းလှည့်တပ်ဖွဲ့ကတော့ ကြောက်ကြောက်လန့်လန့်နဲ့ မြေပြင်ပေါ်မှာ အခုထက်ထိ ဒူးထောက်လျက် ရှိနေကြတယ်။
ယွီဝန်ထုန်က ကျောင်းကျီလူအုပ်ကို မျက်မှောင်ကြုံ့ပြီး တစ်ချက်ကြည့်လိုက်တယ်။
လိမ္မာပါးနပ်တဲ့ ကျောင်းကျီဆိုင်ရှင်က ယွီဝန်ထုန်ရဲ့အကြည့်နဲ့ ဆုံတဲ့အခါ သူ သွားဖို့ အချိန်ကျပြီဆိုတာ သိသွားတယ်။
[T/N : အေးလေ..! သူလည်း အခုမှ ပေါ်လာရတော့ ဇနီးလေးနဲ့ နှစ်ယောက်တည်း နေချင်မှာပေါ့... အလိုက်ကိုမသိတာ..!😝]
ထိုလူက ဘယ်သူလဲဆိုတာ သူ မသိသော်လည်း တော်ရုံတန်ရုံ အဆင့်အတန်းထဲကတော့ မဖြစ်နိုင်ဘူးဆိုတာ သူ သိနေတယ်။
ဆိုင်ရှင်က လင်းကျန်းကို တရိုတသေ ဦးညွှတ်ပြီး ပြောလိုက်တယ်။
"လင်းသခင်လေး..! ဆိုင်မှာ လုပ်စရာတွေလည်းရှိလို့ ကျွန်တော် အရင်ပြန်နှင့်ပါတော့မယ်..!"ဆိုင်ရှင်ရဲ့ စကားကို ကြားလိုက်တဲ့အခါ လင်းကျန်းက သူ့အတွေးကို ဖြတ်လိုက်ပြီး ဆိုင်ရှင်ကို ကျေးဇူးတင်စကား ပြောလိုက်တယ်။
"လူကြီးမင်းရဲ့ ဒီနေ့ ကူညီမှုအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်..! ကျွန်တော် ထန်းယန်းကို ပြန်ရောက်ရင် ကျေးဇူးတင်စကားဆိုဖို့ လာရောက်တွေ့ဆုံပါဦးမယ်..."
YOU ARE READING
Rebirth of Glory 重生之尊荣 [MM Translation]
Historical FictionAssociated Names : Rebirth of Glory 重生之尊荣 Author(s) : Huai Ruo Gu 怀若谷 Artist(s) : N/A Year : N/A Status in COO : Completed (535 Chapters + Extras) Licensed : Yes Completely Translated : N...