Chapter (52) Every Part of Him is Perfect

3.3K 726 28
                                    

Unicode
ယွီဝန်ထုန်က မြို့စောင့်တပ်သားတွေကို အေးစက်စက် စိုက်ကြည့်လိုက်တယ်။
"သူတို့က တကယ်ရော မြို့စောင့်တပ်သားတွေ ဟုတ်ရော ဟုတ်လို့လားကွ..! စည်းမရှိ ကမ်းမရှိတဲ့ တရားမဝင်အဖွဲ့လို့ ပြောရင်တောင် လူတွေ ယုံကြဦးမယ်... ဒီကျန်းချုန်းကတော့ ငါတို့တယွဲ့ပြည်ကြီးကို နာမည်ဖျက်နေတာပဲ..!"

ထိုလူက စစ်သူကြီးကျန်းချုန်းကို နာမည်တပ်ခေါ်ရုံတင်မက ထိုလူ ပြောတဲ့ ရက်စက်ပြင်းထန်လှတဲ့ စကားကြောင့် လူတကာ အံ့ဩသွားတယ်။

ကင်းလှည့်တပ်သားတွေက ထိုစကားကို ကြားပြီးတဲ့နောက်မှာတော့ ဒေါသထွက်လာကြသော်လည်း အကြောင်းကြောင်းကြောင့် ထိုလူ့ကို မအော်ငေါက်ရဲဘဲ ဖြစ်နေတော့တယ်။
"ခင်ဗျား ဘယ်သူလဲ..! နာမည် ဘယ်လိုခေါ်လဲ..!"

အဲ့ဒီအချိန်မှာပဲ အမဲဝတ်စုံနဲ့ လူအမြောက်အများက ကောင်းကင်ပေါ်ကနေ ဆင်းလာပြီး လင်းကျန်းအနားမှာ ဝိုင်းအုံလာကြတယ်။ ကြည့်ရတာ လင်းကျန်းကို ကာကွယ်ပေးထားပုံ ရလေတယ်။

"မင်းတို့လို အဆင့်လောက်နဲ့ သိဖို့ မတန်ဘူး..!"
ထိုထဲက အမဲဝတ်စုံနဲ့ လူတစ်ယောက်က အေးစက်စက်အသံနဲ့ ခွန်းတုံ့ပြန်လိုက်တယ်။ အဲ့ဒီနောက်မှာ ထိုလူက တံဆိပ်ပြားကို ထုတ်ယူလိုက်ပြီး လှည့်ကင်းတပ်ဖွဲ့ခေါင်းဆောင်ကို ပြလိုက်တယ်။

ထိုလူက တစ်ခြားလူတွေဖက်ကို ကာထားတဲ့အတွက်ကြောင့် ထိုတံဆိပ်ပြားကို တပ်ဖွဲ့ခေါင်းဆောင် တစ်ယောက်တည်းသာ မြင်ရလေတယ်။

အဲ့ဒီနောက်တော့ ကင်းလှည့်အဖွဲ့ခေါင်းဆောင်ရဲ့ မျက်နှာက ဖြူဖျော့သွားတယ်။ သူ့ ခြေထောက်တွေက ထိန်းချုပ်လို့မရအောင် တုန်ယင်လာပြီးနောက် မြေပြင်ပေါ်ကို ဒူးထောက်ကျသွားခဲ့တယ်။
"အရှင်..! ဒီနိမ့်ကျတဲ့ ကျွန်တော်မျိုးရဲ့ အမြင်ကန်းမှုကို ခွင့်လွှတ်ပေးတော်မူပါ... ဒီနိမ့်ကျတဲ့လူက အရှင့်က...."

"တိတ်စမ်း..!"
အမဲဝတ်စုံနဲ့လူတွေကို ဦးဆောင်လာတဲ့လူက တပ်ဖွဲ့ခေါင်းဆောင်ရဲ့ စကားမဆုံးခင်မှာ အော်ငေါက်ပစ်လိုက်တာကြောင့် စကားစက ပြတ်သွားလေတယ်။

Rebirth of Glory 重生之尊荣 [MM Translation]Hikayelerin yaşadığı yer. Şimdi keşfedin