Chapter (28) Family Feast

3.4K 692 13
                                    

Unicode
မိသားစု ညစာစားပွဲအတွက် ရှေ့ခန်းမဆောင်သို့သွားနေစဉ် လင်းကျန်းက အိမ်တော်ထဲက လေထုအခြေအနေ ပြောင်းလဲသွားတာကို သိလိုက်တယ်။ အရင်က ပြုံးရုံသာ ပြုံးပြတဲ့ အစေခံတွေက အခုဆို လင်းကျန်းကို ရိုရိုသေသေနဲ့ ကိုယ်ကိုကိုင်းပြီး နှုတ်ခွန်းဆက်ကြလေတယ်။

ဒါက ဘာလို့လဲဆိုတာ သူ သိတယ်...

လင်းကျန်းက ဒါကို ဆိုးတယ်လို့လည်း မခံစားမိဘူး။ ဒါ့အပြင် သူက အတိတ်တုန်းက သူ မဟုတ်တော့တဲ့အတွက် အရင်ကလို တုံးအပြီး ရိုးရှင်းစွာနဲ့ ရယ်မောနေလေ့ရှိတဲ့ လင်းကျန်းဆိုတာ ရှိတော့မှာ မဟုတ်ပေ။

သူ ရှေ့ခန်းမဆောင်ကို ရောက်တဲ့အခါ သူ့အဖိုး လင်းရှင်းကျုန်းအပြင် သူ့ဦးလေးမိသားစုလည်း ရောက်နေပြီဖြစ်တယ်။ လင်းမိသားစုက တစ်ခြားမိသားစုတွေနဲ့မတူဘဲ သေးငယ်တဲ့ မိသားစုလေးသာ ဖြစ်တယ်။ ဒါကြောင့် စည်းမျဉ်းစည်းကမ်းတွေက အရမ်းကို တင်းကျပ်လေ့မရှိဘူး။

ဖုချိုင်ဝေက ရှေ့ခန်းမဆောင်ရဲ့ အဝင်ဝမှာ လင်းကျန်းကို စောင့်နေလေတယ်။ လင်းကျန်း ရောက်လာတာကို မြင်တဲ့အခါမှာတော့ သူမမျက်လုံး‌တွေက တောက်ပလာခဲ့ပြီး
"မြန်မြန်လာ..! ရာသီဥတုက အေးလာပြီ... အဖျားမိနေဦးမယ်..!"

လင်းကျန်းက သူ့အဒေါ် အရှေ့ကို မြန်မြန်သွား၍ နှုတ်ဆက်လိုက်ပြီး
"ဒုတိယဒေါ်လေး... အထဲကို အမြန်ဝင်သင့်တယ်... အပြင်ဘက်မှာ အရမ်းကိုအေးတယ်..!"

အမျိုးသမီးဖု : "ဒေါ်လေးက အဆင်ပြေပါတယ်..!"

သူတို့နှစ်ယောက်လုံး ခန်းမဆောင်ထဲကို အတူတူ ဝင်လာတော့ လင်းမောင်းမောင်းတစ်ယောက် စိတ်အားထက်သန်စွာနဲ့ ပြေးလာတာကို တွေ့လိုက်ရတယ်။

လင်းမောင်းမောင်း လင်းကျန်းအနားကို ရောက်မလာခင်မှာ လင်းကျန်းက ချောင်းနည်းနည်း ‌ဆိုးပြလိုက်ပြီး လင်းမောင်းမောင်းကို ရပ်စေလိုက်တယ်။

တွန့်ဆုတ်စွာနဲ့ပဲ လင်းမောင်းမောင်းက သူ့အပြုအမူကိုပြောင်းပြီး သူ့အစ်ကိုကြီးကို လေးလေးစားစား နှုတ်ဆက်လိုက်‌လေတယ်။

Rebirth of Glory 重生之尊荣 [MM Translation]Where stories live. Discover now