Chapter(9) part(2) Confrontation

4.4K 823 23
                                    

Unicode
အဲ့ဒီခဏမှာပဲ ‌အရာရှိထောင်ဖန်းရဲ့ အနောက်မှာ တိတ်ဆိတ်စွာရှိနေတဲ့ သားဖြစ်သူ ထောင်ရီက ရုတ်တရက် ပြောလာခဲ့တယ်။
"သခင်လေးလင်း... နားလည်မှုလွဲနေပြီ... ကျွန်တော့်အဖေက ဒီကိုဧည့်သည်အဖြစ်နဲ့ လာခဲ့တာမို့ တကယ်လို့ သခင်လေးက ကျားယွမ်လင်းကို ဖမ်းဆီးစေချင်တယ်ဆိုရင်တော့ လူလွှတ်ပြီး ရုံးတော်ကို အကြောင်းကြားရပါလိမ့်မယ်..."

လင်းကျန်း ထောင်ရီကို ကြည့်လိုက်တယ်။ အဲ့နောက်မှာပဲ ထောင်ရီရဲ့ သူ့အပေါ် အထင်ကြီးတဲ့အကြည့်တွေကို မြင်လိုက်ရတယ်။

'အထင်ကြီးတယ်..? ဘာလားဟ..!'
လင်းကျန်း ပဟေဠိဖြစ်သွားတယ်။ သူ့အရင်ဘဝတုန်းက ထောင်ရီနဲ့ သူဆိုတာက ဘာပတ်သက်ဆက်နွယ်မှုမှ မရှိကြတဲ့သူ‌တွေ ဖြစ်တယ်။ ထောင်ရီက နန်းမြို့တော်မှာသာ အများအားဖြင့် နေလေ့ရှိတဲ့အတွက် လင်းကျန်းနဲ့ဆို မျက်မှန်းတန်းမိရုံလောက်သာရှိတယ်။

အရင်ဘဝတုန်းက လင်းကျန်းအနေနဲ့ ထောင်ရီ့အပေါ်မှာ ဘယ်လိုထင်မြင်ချက်မှ မရှိခဲ့ဘူး။ ဒီဘဝမှာ သူ့အပေါ် ထောင်ရီ့ရဲ့အပြုအမူတွေက ဘာလို့ ပြောင်းလဲသွားရလဲဆိုတာ သူနားမလည်ဘူး။

လင်းကျန်း သူ့သံသယကို ဖိနှိပ်ထားလိုက်ပြီးတော့
"အဲ့တာဆိုရင် ရုံးတော်ကို အခုပဲ အကြောင်းကြားလိုက်ရင်ရော ဘယ်လိုလဲဗျ..? စိုးရိမ်စရာမလိုပါဘူး... ဒီဂျူနီယာ‌က ရဲမက်တွေ လာတဲ့အထိကို စောင့်ပေးနိုင်ပါတယ်... ကျားသခင်မကြီးကလည်း ငြင်းဆန်မှာ မဟုတ်ပါဘူး... ခုနလေးကပဲ ကျားယွမ်လင်းက သူ့အပြစ်အတွက် နယ်နှင်ဒဏ်ပေးခံသင့်တယ်လို့ သခင်မကြီးက ပြောခဲ့တာပဲလေ..."

လင်းကျန်းရဲ့ စူးရှပြီး မထီမဲ့မြင်စွာ လှောင်နေတဲ့အကြည့်က အမျိုးသမီးဖန်းရဲ့ အေးစက်ပြီး ဒေါသထွက်နေတဲ့အကြည့်နဲ့ သွားဆုံတော့တယ်။ လူနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် အသေအချာကို စိုက်ကြည့်နေပြီးနောက်မှာတော့ အမျိုးသမီးဖန်းက သူ့အကြည့်တွေကို အရင်လွှဲဖယ်လိုက်တယ်။

အဲ့‌ဒီနောက်မှာတော့ သူမရဲ့ မျက်လွှာကို ချလိုက်ပြီး အားပျော့တဲ့လေသံနဲ့ ပြောလာတော့တယ်။
"ဒါ့ပေါ့... သခင်လေးလင်း... ကျွန်မရဲ့စကားတွေကို ပြန်မရုပ်သိမ်းပါဘူး... ဒီနေ့ ယွမ်လင်းက အသိစိတ်မဲ့အောင် အရက်မူးနေပြီး သခင်လေးအပေါ်ကို မလုပ်သင့်တဲ့အရာတွေ လုပ်ခဲ့တဲ့အတွက် ယွမ်လင်းအစား ကျွန်မကပဲ သခင်လေးကို တောင်းပန်ပါတယ်... သခင်လေးအနေနဲ့ ယွမ်လင်းနဲ့ နှစ်ပေါင်းများစွာ ကြာရှည်ခဲ့တဲ့ ညီအစ်ကိုသံယောဇဉ်ကို ထောက်ထားပြီးတော့ သူ့ကို အဆုံးစွန်ထိရောက်အောင် တွန်းမပို့လိုက်ပါနဲ့..!"

Rebirth of Glory 重生之尊荣 [MM Translation]حيث تعيش القصص. اكتشف الآن