Chapter(1)part(1) သူပြန်လာခဲ့ပြီ(သူျပန္လာခဲ့ၿပီ)

12.5K 1K 16
                                    

Unicode
လူသေအလောင်းတွေဆီက ထွက်လာတဲ့ အနံ့ဆိုးတွေက ကျန်းမာနေတဲ့သူကိုတောင် ပျို့အန်ထွက်စေနိုင်တယ်။ ယင်ကောင်တွေနဲ့ ခြင်မမဲရိုင်းတွေက မြေတွင်းအနှံ့ တဝီဝီနဲ့ပျံနေကြတယ်။ အဲ့ဒီမြေတွင်းရဲ့အောက်ခြေမှာတော့ တစ်ကိုယ်လုံးသွေးတွေလွှမ်းနေတဲ့လူတစ်ယောက်ရှိနေပြီး ပုပ်ပွနေတဲ့အလောင်းကောင်တွေအပေါ်မှာ ထိုင်နေတယ်။ သူ့ခြေထောက်တွေက ထူးထူးဆန်းဆန်း ကွေးကောက်နေပြီးတော့ သူ့ခန္ဓာကိုယ်ကလည်း လှုပ်ရှားနိုင်စွမ်းမရှိဘူး။

သူ့လက်က လက်သည်းခွံတွေက ကျိုးနေပြီး အဲ့ဒီက ထွက်လာတဲ့သွေးတွေက မြေတွင်းနံရံကရွှံ့တွေနဲ့ ပေါင်းစပ်သွားပြီး မကောင်းဆိုးရွားတစ်ကောင်ရဲ့လက်နဲ့ ပိုတူသွား‌တော့တယ်။ သူ့ရဲ့ဆံပင်တွေက ညစ်ညစ်ပတ်ပတ်နဲ့ ဖွာလန်ကြဲနေပြီး သူ့နှဖူးနဲ့မျက်လုံးကို ကွယ်ထားတယ်။ သို့ပေမယ့်လည်း သူ့ရဲ့ဝမ်းနည်းပြီး နာကျင်နေတဲ့မျက်လုံးတွေကိုတော့ မဖွက်ထားနိုင်ခဲ့ဘူး။ အဲ့ဒီမျက်လုံးတွေက ကောင်းကင်ပေါ်က ကြယ်တွေထက်တောင် တောက်ပနေတယ်။ အဲ့ဒီတောက်ပနေတဲ့ မျက်လုံးတစ်စုံက စိတ်ပျက်မှုတွေ မချိတင်ကဲနာကျင်မှုတွေနဲ့ လောင်ကျွမ်းနေပြီး သွေးရောင်သန်းနေတယ်။

"ဟား...ဟား...ဟား..."

"သူ့မျက်လုံးတွေကို ကြည့်ပါဦးကွ...အွဖ်...ကြောက်လိုက်တာ..."

"အသေဆိုးနဲ့ သေရတော့မယ့် အမှိုက်လိုကောင်က ငါ့ကို အဲ့လိုအကြည့်မျိုးနဲ့ ကြည့်ရဲတယ်...ဘန်း..!"

မြေတွင်းအပေါ်ကနေ ကြမ်းကြမ်းတမ်းတမ်း လှောင်ပြောင်မှုတွေနဲ့ ရယ်သံတွေ သူ့ဆီ ကျရောက်လာတယ်။ အဲ့ဒီလူမဆန်တဲ့လူတွေက လှည့်ဖြားတတ်တဲ့ မကောင်းဆိုးရွားလိုဗီဇနဲ့ လူမျိုးတွေဖြစ်တယ်။

မြေတွင်းအောက်ခြေမှာရှိနေတဲ့သူက သူသရဲဖြစ်သွားခဲ့ရင် သူတို့ရဲ့မျက်နှာတွေကို တစစီလုပ်ပစ်ပြီး လက်စားချေဖို့ ကြံရွယ်ထားပြီးနောက် သူတို့ကို စိုက်ကြည့်နေတယ်။

သူ အားပါးတရရယ်လိုက်ပြီးတော့ တွင်းအပေါ်မှာရှိနေတဲ့သူတွေကို ကြည့်လိုက်တယ်။

Rebirth of Glory 重生之尊荣 [MM Translation]Where stories live. Discover now