Chapter(1)part(2) သူပြန်လာခဲ့ပြီ(သူျပန္လာခဲ့ၿပီ)

7.4K 978 5
                                    

Unicode
"အဖိုး... ဒုတိယဦးလေး"
"မသေကြပါနဲ့..."
"ငါတို့ဓားမြတွေနဲ့ တစ်ဖက်တည်းမဟုတ်ဘူး... ငါတို့လင်းမိသားစုက ဘယ်တော့မှ အဲ့လိုလုပ်မှာမဟုတ်ဘူး..."
"ငါ...လင်းကျန်း... ကောင်းကင်နဲ့မြေကြီးကို တိုင်တည်ပြီး ကျိန်ဆိုတယ်... ကိုယ်ကျင့်သိက္ခာပျက်ပြားပြီး စက်ဆုပ်စရာကောင်းတဲ့အလုပ်မျိုးကို ငါလုံးဝမလုပ်ခဲ့ဘူး..."
"မင်းတို့ မကောင်းတဲ့ကောင်တွေ... ငါ့မိသားစုတွေကို အကွက်ချသတ်ဖြတ်ခဲ့ပြီး အခု ငါတို့မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းယူဖို့ ကြိုးစားနေကြတယ်..."
"အား...ငါ့ခြေထောက်...ငါ့ခြေထောက်"
"ဟာသပဲ! မာရှယ်လ့်သတို့သမီးတဲ့! နန်းမြို့တော်မှာ ယွီဝန်မိသားစုက ဘယ်လောက် အရှိန်အဝါကြီးမားလဲဆိုတာရော မင်းသိရဲ့လား..?"
"သေချာကြည့်..! ဒါက ယွီဝန်မိသားစုက ပို့လိုက်တဲ့ လက်ထပ်ပွဲဖျက်သိမ်းကြောင်း အကြောင်းကြားချက်ပဲ... မင်းမျက်လုံးနဲ့သေချာကြည့်... မင်းတကယ်ပဲ ယွီဝန်မိသားစုကို မှီခိုပြီး မင်းတို့ရဲ့အခြေအနေဆိုးတွေကို ပြောင်းလဲပစ်ချင်နေတာလား...? မင်းအိမ်မက်ထဲမှာပဲရမယ်..."
"မဟုတ်ဘူး... ဒါမဖြစ်နိုင်ဘူး... ဒီမင်္ဂလာပွဲကို ယွီဝန်မိသားစုက ငါ့အဖိုးကို ကတိကဝတ်ပြုထားခဲ့တာ... မင်းတို့ဘာပြောပြော ငါဂရုမစိုက်ဘူး..."
"ငါမလုပ်ခဲ့ဘူး...ငါအဲ့အရာကိုမလုပ်ခဲ့ဘူး... ငါအဲ့လိုစက်ဆုပ်စရာအရာကို မလုပ်ခဲ့ဘူး... သူတို့ ငါ့ကိုမတရားစွပ်စွဲခဲ့ကြတာ... ငါမသေချင်သေးဘူး... ငါအသက်မသေချင်သေးဘူး... ငါလက်စားပြန်ချေရဦးမယ်... ငါ့မိသားစုအတွက် လက်စားချေရဦးမယ်..."

စိတ်ပျက်လက်ပျက်နဲ့ နာနာကျင်ကျင်တီးတိုးရေရွတ်နေသံက လင်းကျန်းရဲ့နှုတ်ဖျားကနေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတယ်။ အဆုံးမှာတော့ သူမျက်ရည်အရွှဲသားနဲ့ ‌အိမ်မက်ဆိုးကနေ ကြောက်လန့်တကြား နှိုးထလာခဲ့တယ်။

လင်းကျန်း ရုတ်တရက် ငုတ်တုတ်ထထိုင်လိုက်တယ်။ သူ့တစ်ကိုယ်လုံးက ချွေးတွေနဲ့ စိုရွှဲနေတယ်။ သူနဲ့ အကျွမ်းတဝင်ရှိသလို မရှိသလိုဖြစ်နေတဲ့နေရာကို ကြည့်ပြီးတွေဝေနေတယ်။

ဒါက ပွဲကြည့်စင်တစ်ခုပဲ... ပွဲကြည့်စင်ဘေးမှာတော့ တံခါးပေါက်ဆီသွားဖို့ လမ်းကျဉ်းလေးတစ်ခုရှိတယ်။ သူတံခါးဖွင့်လိုက်တယ်။ ‌ဒါက ဘယ်နေရာလဲ...? ဒါက... ဒီနေရာက သူ့အိမ်မက်ဆိုးတွေ အစပြုခဲ့တဲ့နေရာ မဟုတ်ဘူးလား...?

Rebirth of Glory 重生之尊荣 [MM Translation]Donde viven las historias. Descúbrelo ahora