Chapter (17) Commander of the Prefecture Guards - Zhang Chong

4K 817 8
                                    

Zawgyi
"စစ်သူကြီး... ဒါက ဘယ်လိုလုပ်..!"

စစ်သူကြီး ကျန်းချုန်းက သူ့နောက်လိုက်ကို လက်ကာပြလိုက်ပြီး စကားကို ရပ်စေလိုက်တယ်။ အဲ့ဒီနောက် တည်တည်ငြိမ်ငြိမ်နဲ့ပဲ ရုံးတော်ထဲကို ဝင်သွားလိုက်တယ်။

ကျန်းချုန်းရဲ့‌ဘေးက သက်တော်‌စောင့်က သူ့လက်စွဲဓားရှည်ကို အသင့်အနေထားနဲ့ တင်းတင်းဆုပ်ကိုင်ထားပြီး တင်းမာနေတဲ့ အခြေအနေကို သတိထားနေတော့တယ်။

ရုံးတော်ကို ဝင်ဝင်ချင်းမှာပဲ ကျန်းချုန်းက လင်းကျိုးဝမ်ရဲ့အနားမှာရှိနေတဲ့ အရာရှိဝတ်စုံဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်း အမျိုးသားက သူ့ကို တွန်ဆုတ်စွာနဲ့ ကြည့်နေတာကို မြင်လိုက်‌တယ်။

သူ့ဆီက လာဘ်စားထားတဲ့ ထုန်းဖန်က သူ့ကို တစ်ချက်ပဲကြည့်ပြီး အကြည့်လွှဲသွားခဲ့တဲ့အပြင် သူ ရုံးတော်ထဲကို ‌ရောက်လာတဲ့အခါမှာလည်း လူထုရဲ့ အခြေအနေက တော်တော်လေး ပြင်းထန်လာတာကို ကျန်းချုန်း သတိထားမိလိုက်တယ်။

ဒီလိုဖြစ်အောင် ဘယ်ကောင်က လုပ်ခဲ့တာလဲကွ..!

ကျန်းချုန်းက အခြေအနေကို မြန်မြန်စစ်ဆေးပြီးနောက်‌ ရုံးတော်ရဲ့ခန်းမအလယ်မှာ ရပ်နေတဲ့ လင်းကျန်းကို တွေ့လိုက်တယ်။ သူ့မျက်ခုံးတွေကို တွန့်ချိုးပြီး ထက်ရှတဲ့အကြည့်နဲ့ လင်းကျန်းတစ်ကိုယ်လုံးကို ပေါက်ထွက်မတက် စူးစိုက်ကြည့်လိုက်တယ်။

ကျန်းချုန်းရဲ့ ရုပ်ဆိုးတဲ့မျက်နှာပေါ်မှာ နဖူးအစကနေ ပါးစပ်အထိရှိနေတဲ့ အမာရွတ်ခပ်ကြီးကြီးကရှိနေပြီး ဒါက သူ့အသွင်အပြင်ကို ပိုပြီးကြမ်းတမ်းစေတယ်။

ဒါ လင်းကျန်းလား... ဒီကောင်က လင်းမိသားစုရဲ့ ပျော့စိစိ သခင်လေး မဟုတ်လား..!

မဖြစ်နိုင်ဘူး... အဲ့ကောင်မှာ ဒီလိုပြင်းထန်တဲ့စရိုက်မျိုး မရှိဘူး..!

ကျန်းချုန်းက လင်းကျန်းကို အသေအချာကို စိုက်ကြည့်နေပြီး သူ့စစ်သားတွေနဲ့အတူ တရားရေးခန်းမထဲကို ဝင်လာပြီးနောက်မှာတော့ ရုံးတော်အတွင်းလေထုက တော်တော်လေး ပြင်းထန်‌နေ‌တော့တယ်။

Rebirth of Glory 重生之尊荣 [MM Translation]Donde viven las historias. Descúbrelo ahora