Chapter (25) I'm Afraid It's Too Late

3.4K 660 6
                                    

Unicode
ယွီဝန်မိသားစုနဲ့ ကြောင်းလမ်းထားမှုက သူ့ရင်ဘတ်ကို ကျောက်တုံးနဲ့ဖိထားသလိုမျိုး ခံစားရစေတယ်။ ဒါက သူ့ကို အသက်ရှုကြပ်‌လောက်တဲ့အထိ မဖြစ်စေပေမယ့်လည်း သူ့ကို သက်တောင့်သက်သာတော့ ရှိမနေစေဘူး။

တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် သူက ယွီဝန်မိသားစု‌ဆီသွားပြီး သူတို့တွေရဲ့မျက်နှာကို စေ့စပ်ကြောင်းလမ်းခြင်း ကတိစာချုပ်နဲ့ ပစ်ပေါက်လိုက်ပြီး ဖျက်သိမ်းလိုက်ချင်တယ်။

ကံမကောင်းစွာနဲ့ဘဲ ထန်းယန်းက နန်းမြို့တော်နဲ့  အလှမ်းဝေးလေတယ်။ သူ့အနေနဲ့ စေ့စပ်ကတိစာချုပ်အတွက်လောက်နဲ့ နန်းမြို့တော်ကို တကူးတက သွားမှာမဟုတ်ဘူး။

သူတို့ရဲ့မျက်နှာကို ကတိစာချုပ်နဲ့ ပစ်ပေါက်ပြီးနောက် ဖြစ်လာမယ့် သူတို့ရဲ့ အမူအရာကို အရသာခံပြီး တစိမ့်စိမ့် ကြည့်ခွင့်မရတာကတော့ တကယ်ကို ဝမ်းနည်းစရာပဲ။

"ကိုကိုကြီး..."
လင်းကျန်းရဲ့လက်မောင်းပေါ်မှာ ရှိနေတဲ့ လင်းမောင်းမောင်းက သူ့ကိုကြည့်ပြီး
"ဖိုးဖိုးက ကိုကိုကြီးကို ခေါ်နေတယ်လေ..."

လင်းကျန်းက သူ့အတွေးတွေကို ရပ်လိုက်ပြီး လင်းရှင်းကျုန်းကို ကြည့်လိုက်တယ်။

လင်းရှင်းကျုန်း : "မြေးကြီးက ငါတို့မိသားစုထဲက အစေခံတွေကို ရှင်းလင်းရေး လုပ်ချင်တာလား..!"

လင်းကျန်း : "အဖိုးပဲ တွေးကြည့်လေ... ကျွန်တော်တို့က အခုဆို ကျားမိသားစုနဲ့ရော ကျန်းချုန်းနဲ့ရော ရန်သူတွေဖြစ်နေကြပြီ... သူတို့က အရင်ကတည်းက ကျွန်တော်တို့လင်းမိသားစုကို မုန်းနေကြတဲ့သူတွေလည်း ဖြစ်တယ်လေ... အဲ့တာကြောင့် ကျွန်တော်တို့ကို အများအမြင်မှာသာ သူတို့က ဘာမှမလုပ်ဘူးလို့ ဆိုနိုင်ပေမယ့် တကယ့်တကယ်ကျ သူတို့ ဘာမှမလုပ်ဘဲနဲ့‌တော့ နေ,နေမှာမဟုတ်ဘူး... ဒီအတွက် ကျွန်တော်တို့ ကြိုပြင်ဆင်ထားရလိမ့်မယ်... ဒီလိုအခြေအနေမှာ ကြိုပြီး အိမ်တော်အတွင်း ရှင်းလင်းရေး လုပ်ထားလိုက်ရင် ပိုကောင်းမယ်လို့ ဒီမြေးအနေနဲ့ ထင်မိတယ်..."

လင်းရှင်းကျုန်းက ခေါင်းညိမ့်လိုက်ပြီး
"မြေးကြီးပြောတာ ယုတ္တိရှိတယ်... မြေးကြီး ရည်ရွယ်ထားတဲ့အတိုင်းသာ လုပ်လိုက်..!"

Rebirth of Glory 重生之尊荣 [MM Translation]Donde viven las historias. Descúbrelo ahora