Chapter(3) အတိတ်ကအမှားများ(အတိတ္ကအမွားမ်ား)

4.9K 857 5
                                    

Unicode
သတိကင်းမဲ့နေတဲ့ လင်းကျန်းကို သယ်ဆောင်လာတဲ့ အစေခံနှစ်ယောက်က ခန်းမဆောင်ရဲ့ထောင့်ချိုးက‌နေ ဖြတ်လာပြီးတဲ့နောက်မှာတော့ နားနေဆောင်ကိုသွားရမည့်လမ်းအစား တစ်ခြားတစ်နေရာကို ဦးတည်သွားတော့တယ်။

သူတို့က လင်းကျန်းကို အဓိကခန်းမဆောင်ရဲ့နောက်ဘက်မှာရှိတဲ့ အပန်းဖြေဥယျာဉ်ဆီကို ခေါ်ဆောင်သွားပြီး ကြမ်းပြင်ပေါ်ကို ကြမ်းကြမ်းတမ်းတမ်း ပစ်ချလိုက်တယ်။ ကြမ်းတမ်းလှတဲ့ ကျောက်ခင်းကြမ်းပြင်နဲ့ တိုက်မိသွားတာကြောင့် လင်းကျန်းရဲ့ဘယ်ဘက်လက်မောင်းက ပွန်းပဲ့သွားပြီး သွေးစိမ့်ထွက်လာတယ်။

"အိုး... ဒီလိုအခြေအနေရောက်တာတောင် နိူးမလာဘူးဟ... သူတကယ်ကို သတိလစ်နေတာထင်တယ်..."

"သခင်လေးလင်း... သခင်လေးလင်း"

"မင်းအော်နေတာရပ်တော့..! ဒီကိုလာပြီး သူ့အင်္ကျီချွတ်ဖို့လာလုပ်တော့..."

အစေခံနှစ်ယောက်က လင်းကျန်းရဲ့ အပေါ်ဝတ်ရုံကို ချွတ်လိုက်ကြပြီး အတွင်းဝတ်အင်္ကျီကို ရင်ဘတ်အထိ ဖြဲချလိုက်တယ်။ အဝတ်အစားကို ဖရိုဖရဲဖြစ်အောင် လုပ်ပြီးတဲ့နောက်မှာတော့ သတိမရှိတော့တဲ့ လင်းကျန်းရဲ့လက်ကိုယူပြီး သူ့ဘေးမှာရှိတဲ့ ပူနွေးနေတဲ့ အရာဝတ္ထုတစ်ခုအပေါ် တင်ထားလိုက်တယ်။

အဲ့အရာအပေါ် သူ့လက်ရောက်သွားတဲ့အခါ လင်းကျန်းရဲ့လက်တွေက အနည်းငယ် တုန်ခါသွားခဲ့ပြီး သူ့ရင်ဘက်ထဲမှာ ပျို့တက်လာခဲ့တယ်။ သို့ပေမယ့်လည်း သူ့ရဲ့ ပြင်းထန်တဲ့စိတ်ဓာတ်က သူ့ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကို ကောင်းစွာထိန်းချုပ်ထားလိုက်နိုင်တယ်။

"ငါတို့လုပ်ရမယ့်ကိစ္စက ဒီမှာတင်ပြီးပြီ... အခု သခင်လေးဆီကို သွားအကြောင်းကြားကြမယ်..."

သူတို့ကိစ္စတွေပြီးသွားတဲ့အခါမှာတော့ အစေခံနှစ်ယောက်က ဥယျာဉ်ထဲကနေ အလျင်အမြန်ပဲ ထွက်သွားကြတော့တယ်။

လင်းကျန်း သူတို့ခြေသံတွေကို နားစွင့်နေပြီး ခြေသံတွေ တော်တော်ဝေးဝေးရောက်သွားတဲ့အခါကျမှ သူ့မျက်လုံးတွေကို ဖွင့်လိုက်တယ်။ အဲ့ဒီနောက်မှာတော့ သူ့ဘေးကအရာအပေါ်မှာရောက်နေတဲ့ သူ့ရဲ့လက်ကို မြန်မြန်ဖယ်ပစ်လိုက်ပြီး မြေပေါ်မှာပေါက်နေတဲ့မြက်ပင်တွေနဲ့ ‌သူ့လက်ပေါ်က ရွံ့ရှာဖွယ်ခံစားချက်ကိုပျောက်‌သွားအောင် ပွတ်တိုက်နေလိုက်တယ်။

Rebirth of Glory 重生之尊荣 [MM Translation]Where stories live. Discover now