Chapter (29) Big Brother, Are You Getting Married?

3.4K 691 22
                                    

Unicode
အိမ်တော်က အကြီးအကဲတွေနဲ့ စကားလက်ဆုံပြောပြီးနောက် လင်းကျန်းက သူ့ခြံဝန်းထဲကို ဝက်ပေါက်ကလေးကို ကျောပိုးပြီး ပြန်လာခဲ့တယ်။

လင်းမောင်းမောင်းက လင်းကျန်းရဲ့ လည်ပင်းကို ဖက်ထားပြီး သူ့ပါးနဲ့ လင်းကျန်းဆံပင်တွေကို ပွတ်သပ်နေတယ်။ ပြီးနောက် လင်းကျန်းရဲ့ နားအနားကို ကပ်လိုက်ပြီး
"ကိုကိုကြီးအတွက် လက်ဆောင်တွေကို ကိုကိုကြီးအခန်းထဲ ယူလာဖို့ အိမ်တော်ထိန်းကို မောင်းမောင်း‌ ပြောထားတယ်... ပြီးရင် ကြိုက်လားဆိုတာ ကြည့်ကြည့်နော်..."

"ကောင်းပါပြီဗျ... ကိုကိုကြီးက မောင်းမောင်းလေး ပေးတဲ့ လက်ဆောင်တွေ အားလုံးကို ကြိုက်တယ်..."
လင်းကျန်းက သူ့ကျောနောက်တွင် ချီပိုးထားတဲ့ ဝက်ပေါက်ကလေးကို ပြုတ်မကျအောင် ထိုဝက်ပေါက်ကလေးရဲ့ တင်ပါးလုံးလုံးအိအိလေးကို ကိုင်ထားလေတယ်။

လင်းကျန်းစကားကြောင့် လင်းမောင်းမောင်းက တခစ်ခစ်နဲ့ ရယ်မောနေခဲ့ပြီးနောက် အသံတိုးတိုးလေးနဲ့
"လက်ဆောင်တွေ အများစုက ကိုကိုကြီးအတွက်ပဲ... ကိုကိုကြီးကို မောင်းမောင်း ပေးတဲ့လက်ဆောင်တွေက အဖေ့ကို ပေးတာထက် ပိုများတယ်... ကိုကိုကြီး အဖေ့ကို ပြန်မပြောရဘူးနော်..."

လင်းကျန်းက ပြုံးလာပြီးနောက် သူ့ခေါင်းကိုအနောက်ကို အနည်းငယ် စောင်းလိုက်ပြီး
"ကောင်ဆိုး‌လေးပဲ... မင်းအဖေသိရင် ဝမ်းနည်းသွားလိမ့်မယ်..."

မောင်းမောင်းက နှုတ်ခမ်းစူလျက်
"ဟမ့်..! အဖေက ဝမ်းနည်းမှာမဟုတ်ပါဘူး... မောင်းမောင်းကို ပစ္စည်းတွေ လျှောက်ဝယ်လာတယ်ဆိုပြီးတောင် ဆူနေသေးတာ... မောင်းမောင်း ပေးတဲ့လက်ဆောင်ကိုလည်း မကြိုက်ဘူးလေ... နောက်ဆို အဖေ့အတွက် ဘာမှ ဝယ်မလာတော့ဘူး..."

လင်းကျန်း ဒီသားအဖနှစ်ယောက်ကြားမှာ တော်တော်လေး အကူအညီမဲ့သလို ခံစားလိုက်ရတယ်။ သူ့ဦးလေးက မောင်းမောင်းကို ပျက်စီးသွားမှာစိုးလို့ အမြဲတစေ စည်းကမ်းတင်းကျပ်လေ့ရှိပြီး သူချစ်တာကို ဘယ်တော့မှ ထုတ်မပြဘူး။
"ဒုတိယဦးလေးက မောင်းမောင်းလေး ကြီးလာရင် အသုံးအဖြုန်းကြီးတဲ့သူ ဖြစ်သွားမှာကို စိုးရိမ်လို့ဖြစ်မှာပါ..."

Rebirth of Glory 重生之尊荣 [MM Translation]Where stories live. Discover now