Chapter (31) Ling Zhang Wanted To Break Off The Engagement

3.5K 671 11
                                    

Unicode
"ဝု‌တ်... ဝုတ်..."
လင်းကျန်းတို့ မနက်စာစားချိန်မှာ ခွေးကြီးအားတက အပြင်ဘက်ကနေ ရောက်လာခဲ့တယ်။ ခွေးကြီးအားတက မနက်စောစော အပြင်မှာ သွားကစားနေပုံရပြီး သူ့ခန္ဓာကိုယ်က ညစ်ပတ်နေတယ်။ သို့သော် လင်းမောင်းမောင်းက အဲ့တာကို ဂရုမစိုက်ဘဲ ထမင်းပန်းကန်လုံးကို ကိုင်လျက်နဲ့ပင် ခွေးကြီးအားတကို အော်ခေါ်လေတယ်။

"သ... သခင်လေး ခွင့်လွှတ်ပေးပါ... အားတက ဒီကို ပြေးဝင်လာခဲ့တာကို ဒီအစေခံက မတားလိုက်နိုင်ပါဘူး..."
အစေခံက အပြင်ဘက်မှာ ဒူးထောက်ပြီး တောင်းပန်စကားဆိုလေတယ်။ သူက ခွေးကြီးအားတအတူ အထဲကို ပြေးဝင်လာခဲ့တာဖြစ်ပြီး လင်း‌ကျန်းကိုမြင်တော့ တုန်လှုပ်ချောက်ခြားသွားပြီး ‌ဒူးထောက်ချလျက် အသနားခံလေတယ်။

ခန်းမဆောင်ထဲမှာရှိတဲ့ လေထုက ရုတ်တရက်ကြီးကို ပြောင်းလဲသွားတော့တယ်။ အစေခံတစ်ယောက်ကမှ အသံမထွက်ရဲဘဲ တိတ်နေကြတယ်။

မြေပေါ်မှာ ဒူးထောက်လျက်ရှိနေတဲ့ အစေခံကိုကြည့်ပြီး လင်းမောင်းမောင်း စိတ်ရှုပ်လာတယ်။ 'သူ့ကိုကိုကြီးက ဘာစကားမှတောင် မပြောရသေးတာကို အဲ့ဒီအစေခံက ဘာလို့ဒီလောက်ကြောက်နေရတာလဲ...'

ခွေးကြီးအားတတစ်ကောင်သာ ဘာဖြစ်လို့ ဖြစ်မှန်းမသိဘဲ သူ့ညစ်ပတ်နေတဲ့ကိုယ်နဲ့ လင်းကျန်း အနားကိုကပ်ပြီး သွားပွတ်သပ်လေတယ်။

တစ်ခြားအစေခံတွေက တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ကြပြီး ခွေးကြီးအားတကို လင်းကျန်းအနားကနေ ဖယ်ပစ်ဖို့ လုပ်ချင်ကြတယ်။ ဒါပေမယ့် သူတို့ သွားပဲဖယ်ရမလား မဖယ်ရဘူးလားဆိုတာကို သေချာမသိ‌တော့ဘဲ နဖူးပေါ်မှာ ချွေးစေးတွေ ထွက်လာတယ်။

လင်းကျန်းက သူ့လက်ထဲက တူကို ချလိုက်ပြီး ခွေးကြီးအားတရဲ့ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်တယ်။
"ဘယ်တွေမှာ သွားဆော့လာတာလဲ..! ကြည့်ပါဦး... မင်းအမွေးတွေတောင် ညစ်ပတ်နေပြီ..!"

လင်းမောင်းမောင်းက မြေပေါ်မှာ ဒူးထောက်နေတဲ့ အစေခံကိုကြည့်နေခဲ့ပြီး လင်းကျန်း စကားကိုကြားတော့မှ ခေါင်းကိုလှည့်ပြီး အားတကို ကြည့်လိုက်တယ်။
"အဲ့တာ သူ အားဟွာနဲ့ သွားဆော့လာတာပဲ ဖြစ်ရမယ်..."

Rebirth of Glory 重生之尊荣 [MM Translation]Donde viven las historias. Descúbrelo ahora