Chapter (59) Part (2) Call Me Brother!

9.6K 1K 95
                                    

Unicode
"သခင်လေး..! လောင်ယဲ့က အမြန်လာခဲ့ဖို့ ပြောလိုက်ပါတယ်..!"
သူ့စကားက အစပျိုးရုံပဲ ရှိသေးတဲ့အချိန်မှာတင် ဝင်အနှောင့်အယှက် ခံလိုက်ရတယ်။

"ငါတော့ မင်းအဖိုးက ယွီဝန်ထုန်ကို သဘောကျ‌နေတယ်လို့ ထင်မိတယ်..!"

လင်းကျိုးဝမ်ရဲ့စကားတွေက လင်းကျန်းကို အကြီးအကျယ် ထိတ်လန့်သွားစေတယ်။

"သူ ဒီမနက်မှ ရောက်လာတာ မဟုတ်လား..! အဲ့တာကို အဖိုး ဘာကြောင့် သဘောကျသွားမှာလဲဗျ..!"
လင်းကျန်းက စိတ်ရှုပ်စွာနဲ့ လင်းကျိုးဝမ်ကို ကြည့်လိုက်တယ်။

လင်းကျိုးဝမ် : "မင်းက အခုဆို အရွယ်ရောက်နေပြီဆိုတော့ ဒီကြောင်းလမ်းမှုကို ပယ်ဖျက်ပစ်ဖို့က ခက်သွားပြီ... နောက်ပြီး မင်းအဖိုးက ဒီကိစ္စကို ဖြစ်နိုင်သမျှ မြန်မြန်ပြီးမြောက်စေချင်တဲ့ သဘောမှာ ရှိတယ်... အဲ့တာထက် သူက တယွဲ့ပြည်ကြီးရဲ့ အကြီးမြတ်ဆုံး မာရှယ်လ်တစ်ယောက်လည်း ဖြစ်သေးတယ်... ဒီလိုအရည်အချင်းတွေနဲ့လူကို သဘောမကျမိဖို့ဆိုတာ တော်တော်လေး ခဲယဥ်းတယ်ကွ..!"

လင်းကျန်းရဲ့ အိမ်မက်အကြောင်းကို သူသာမသိခဲ့ဘူးဆိုရင် သူလည်းပဲ ယွီဝန်ထုန်ကို သဘောကျမိမှာ အသေချာပဲ။

သူ(လင်းကျန်း) ဒီနေ့ ယွီဝန်ထုန်ရဲ့ အကြိမ်များစွာ နောက်ပြောင်ကျီစယ်တာကို ခံခဲ့ရတယ်။ ထိုလူက သူ့အဖိုး ထင်နေသလို သမာသမတ်ကျပြီး ယုံကြည်စိတ်ချလို့ရတဲ့ လူစားမျိုး ဘယ်နည်းနဲ့မှ မဟုတ်ဘူး။

"မင်း အဝတ်အစားလဲလိုက်‌ဦးလေ.. ဦးလေး အရင် သွားနှင့်လိုက်မယ်..!"
လင်းကျိုးဝမ်က ထိုသို့ပြောပြီးနောက် မောင်းမောင်း ခေါ်လိုက်တယ်။
"မောင်းမောင်း သွားကြမယ်.."

မောင်းမောင်းက နာခံစွာနဲ့ သူ့အဖေနောက်က ကုပ်ကုပ်လေး လိုက်ပါသွားတယ်။

လင်းကျန်းက သူ့ဦးလေးတို့ထွက်သွားပြီးနောက် ကိုယ်လက်သန့်စင်ပြီး အဝတ်အစား လဲလိုက်တယ်။

သူ အရှေ့ခန်းမဆောင်ကို သွားနေရင်းနဲ့ သူ့အဖိုးရဲ့စိတ်ကို ဘယ်‌လိုပြောင်းပစ်ရမလဲဆိုတာ တွေးတောနေခဲ့တယ်။

You've reached the end of published parts.

⏰ Last updated: Jan 31, 2021 ⏰

Add this story to your Library to get notified about new parts!

Rebirth of Glory 重生之尊荣 [MM Translation]Where stories live. Discover now