Chapter(7) Show the cloven hoof

4.7K 863 14
                                    

Unicode
ကျားယွမ်လင်းက ယဉ်ကျေးပျူငှာပြီး တည်ကြည်ဖြောင့်မတ်တဲ့ အပြုအမူရှိတဲ့သူအဖြစ် လူသိများသော်လည်း ဒီအချိန်မှာတော့ ကျားယွမ်လင်းရဲ့ တဏှာရာဂထကြွနေမှုက လူပေါင်းများစွာကို အကြီးအကျယ် ထိတ်လန့်စေခဲ့တယ်။

အဖေဖြစ်သူရဲ့ကိုယ်လုပ်တော်က မြေပြင်ပေါ်မှာ ဝတ်လစ်စလစ်နီးပါး ဖြစ်နေတာကို သားဖြစ်တဲ့သူက အကြည့်တစ်ချက်လေးတောင် မလွှဲဖယ်ဘဲ အငမ်းမရကြည့်ရှုနေလေတယ်။ ဒီလုပ်ရပ်က လုံးဝကို အကျည်းတန်ရုံသာမက လင်းကျန်းရဲ့ပြောဆိုချက်တွေက အကြွင်းမဲ့ မှန်ကန်ကြောင်းကိုပါ ထောက်ခံပေးနေတယ်။

ကျားယွမ်လင်းတစ်ယောက် အကမယ်ရဲ့အပေါ်မှာပဲ စိတ်ရောက်နေခဲ့ပြီး လင်းကျန်းရဲ့ ပြောစကားတွေကို သေချာမကြားမိလိုက်ဘူး။

သိပ်မကြာမီမှာပဲ သူ့အကြည့်တွေကို အကမယ်ဆီက ဖယ်ပြီးနောက် အသက်ပြင်းပြင်းရှုပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းချုပ်လိုက်တယ်။ တကယ်လို့ ဒီအခြေအနေမှာသာ သူ့အနေနဲ့ လင်းကျန်းကို လမ်းဆုံးရောက်အောင် မတွန်းပို့နိုင်ရင် နောက်တဖန် ဒီလို အခြေအနေကို ဖန်တီးဖို့က ခက်သွားလိမ့်မယ်။

ကျားယွမ်လင်း : "ငါ ထင်မထားခဲ့ဘူး... ကျန်း... မင်းအနေနဲ့ ရိုးရိုးသားသားနဲ့ ဝန်ခံလိုက်တာက အကောင်းဆုံး ဖြစ်လိမ့်မယ်... ငြင်းဖို့လည်း မကြိုးစားနဲ့... ဒီ့အပြင် တစ်ခြားတစ်ယောက်ယောက်ကို ယိုးစွပ်ဖို့လည်း မကြံနဲ့တော့..."

ကျားယွမ်လင်းကတော့ သူ့အခြေအနေကို သူသေချာဖုံးဖိထားနိုင်ပြီး လင်းကျန်းကိုလည်း ချောက်ချနိုင်မှာဖြစ်တဲ့အတွက် အတော်လေး စိတ်ကျေနပ်နေလေတယ်။ သို့သော်လည်း သူ့စကားတွေက တော်တော်လေးကို လူရယ်စရာ ဖြစ်နေလိမ့်မယ်ဆိုတာကိုတော့ ထင်မှတ်မထားမိလိုက်ဘူး။

ကျားယွမ်လင်းရဲ့ ပြောစကားကိုကြားပြီးနောက်မှာတော့ ထိုလူအုပ်ကြီးမှာ မယုံကြည်နိုင်လောက်အောင် ဆွံ့အသွားခဲ့ပြီး ကျားယွမ်လင်းကိုလည်း ပိုပြီး အထင်သေးရွံရှာသွားတော့တယ်။

လင်းကျန်း လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ပြီး သူ့စိတ်ထဲမှာ ကျယ်လောင်စွာနဲ့ ရယ်မောလိုက်တော့တယ်။

Rebirth of Glory 重生之尊荣 [MM Translation]Where stories live. Discover now