Chapter(2)part(1) အမူးပြေစွပ်ပြုတ်(အမူးပြေစွပ်ပြုတ်)

5.6K 889 3
                                    

Unicode
သူပွဲကြည့်စင်က‌နေထွက်လာပြီး ဂိတ်တံခါးကို ဖြတ်လာချိန်မှာတော့ သူ့နှုတ်ခမ်းပေါ်က အပြုံးက ပိုပီပြင်လာတယ်။ သူ့ရဲ့အေးစက်နေတဲ့မျက်လုံးတွေက လေလိုလွှင့်ပါးသွားပြီး နွေးထွေးပြီး နူးညံ့သိမ်မွေ့တဲ့ အပြုအမူ ဖြစ်သွားတော့တယ်။

သူ့မျက်နှာပေါ်မှာ မထီမဲ့မြင်အမူအရာက ရှိမ‌နေတော့ဘဲ အမူးလွန်နေတဲ့ လူတစ်ယောက်ပုံစံ ဖြစ်လာတယ်။ သူ့ခြေလှမ်းတွေက မူမမှန်ဘဲ ယိမ်းထိုးနေတယ်။

"သူက ဒီမှာပဲ..." လူတစ်ယောက်က အော်လိုက်တယ်။ တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကို အဲ့ဒီအသံက ဖြိုခွဲသွားပြီး သူ့အနားကို လူနှစ်ယောက် အလျင်အမြန် ရောက်ချလာတယ်။ သူတို့က လင်းကျန်းကို ကူတွဲပေးပြီး
"သခင်လေးလင်း... ဘယ်တွေသွား‌နေတာလဲ..."

လင်းကျန်း သူ့ခန္ဓာကိုယ်ရဲ့ အားတစ်ဝက်ကို တစ်ဖက်လူအပေါ် မှီထားလိုက်ပြီး သူ့မျက်နှာကို ကျန်လက်တစ်ဖက်နဲ့ ပွတ်သပ်လိုက်ပြီးနောက် လျှာလေးအာလေးနဲ့
"ဟိုမှာရှိတဲ့ ပွဲကြည့်စင်ပေါ်မှာ ထိုင်နေရင်းနဲ့ အိပ်ပျော်သွားခဲ့တာ..."

"အာ... အဲ့တာကြောင့် သခင်လေးကို ကျွန်တော်တို့ ရှာမတွေ့တာ... သခင်လေး နွေးနွေးထွေးထွေးဖြစ်သွားအောင် ခန်းမထဲကို အရင်သွားကြတာပေါ့... တကယ်လို့ သခင်လေးလင်းသာ အိမ်‌တော်အပြင်က လေအေးတွေကြောင့် အအေးမိသွားခဲ့ရင် ကျွန်တော်တို့သခင်လေးက ကျွန်တော်တို့ကို အရေခွံနွှာပစ်လိမ့်မယ်ဗျ..." လင်းကျန်းကို ကူတွဲပေးထားတဲ့ အစေခံက ထိတ်လန့်နေတဲ့အသံနဲ့ ပြောလာတယ်။

လင်းကျန်း သူ့လက်‌တွေကို ဝေ့ယမ်းလိုက်ပြီး သူ့ခေါင်းကိုကိုင်ထားလျက် ငြီးတွားလိုက်တယ်။

အဲ့ဒီနောက်မှာ လင်းကျန်းကို အစေခံနှစ်ယောက်က ခန်းမဆောင်ဆီကို အလျင်အမြန် ခေါ်ဆောင်သွားကြတယ်။ အဲ့လမ်းတစ်လျှောက်မှာ လင်းကျန်းတစ်ယောက် သူနဲ့ရင်းနှီးကျွမ်းဝင်နေတဲ့မြင်ကွင်းကို အလျင်အမြန် အကဲခတ်လိုက်တယ်။

ဒီခြံဝန်းက အေးချမ်းပြီး လှပလွန်းတယ်။ ဒီနေရာရဲ့ပိုင်ရှင်ဖြစ်တဲ့ သူ့သူငယ်ချင်းက မကြာခဏဆိုသလို ဒီလှပတဲ့ရှု‌မျှော်ခင်းကိုကြည့်ဖို့ သူ့ကို ဖိတ်ကြားလေ့ရှိတယ်။ နောက်ဆုံးမှာတော့ ဒီလှပတဲ့ရှုမျှော်ခင်းကပဲ ညဉ့်သန်းခေါင်ယံမှာ သူ့ တစ်ကိုယ်လုံး ချွေးတွေရွှဲစိုသွားအောင် ခြောက်လန့်‌နေမယ့် အိမ်မက်ဆိုး ဖြစ်လာခဲ့တော့တယ်။

Rebirth of Glory 重生之尊荣 [MM Translation]Where stories live. Discover now