Chapter(4) သူ့မိခင်၏အမွေ(သူ႕မိခင္၏အေမြ)

4.7K 859 5
                                    

Unicode
ကျောက်စိမ်းတစ်ခြမ်းကို အကမယ်ရဲ့လက်ထဲမှာ ထည့်ပြီးတဲ့နောက် လင်းကျန်းတစ်ယောက် ပွဲကြီးပွဲကောင်းကိုကြည့်ဖို့အတွက် ပုန်းစရာနေရာ ရှာလိုက်တယ်။ သို့သော် အဲ့ဒီခဏမှာပဲ သူ့ခေါင်းတစ်ခုလုံးထိုးကိုက်လာပြီး အသက်ရှုရခက်လာခဲ့တယ်။ ဒီအသည်းခိုက်တဲ့နာကျင်မှုကြောင့် သူ့ခြေထောက်တွေ တုန်ယင်လာခဲ့တယ်။ သူ့အမြင်အာရုံက ဝေဝါးလာခဲ့ပြီးနောက်မှာတော့ သူ့တစ်ကိုယ်လုံးက ကြမ်းခင်းပေါ် ပစ်လဲကျသွားတော့တယ်။

"ဘာ.. ဘာဖြစ်သွားတာလဲ..!?" လင်းကျန်း သူ့နဖူးကို လက်နဲ့ဖိကိုင်လိုက်တယ်။
"ငါ့ခေါင်းက ဘာလို့ ဒီလောက်နာ‌နေရတာလဲ..?"

မဖြစ်ရဘူး... ဒီအချိန်မှာမှ သူ ဒီလိုဖြစ်နေလို့ မရဘူး..!

လင်းကျန်း အံကိုတင်းတင်းကြိတ်လိုက်ပြီး အားကုန်သုံးကာ ထရပ်လိုက်တယ်။ အဲ့ဒီနောက် ချောင်ကျတဲ့ထောင့်နားမှာ ပုန်းနေလိုက်ပြီး ပွဲကြီးပွဲကောင်းကို စောင့်နေလိုက်တယ်။ သူ ပုန်းဖို့နေရာ ရှာလိုက်တဲ့တစ်ခဏအတွင်းမှာပဲ သူ့တစ်ကိုယ်လုံး ချွေးတွေနဲ့ စိုရွှဲသွားပြီး ဖြူဖတ်ဖြူလျော်ဖြစ်လာခဲ့တယ်။

ဒါ့အပြင် ထူးထူးဆန်းဆန်းအသံတွေက ရုတ်တရက် သူ့ခေါင်းထဲမှာ ပေါ်လာခဲ့တယ်။
ဝင်္ကပါထောင်ချောက်တည်ဆောက်ခြင်းအကြောင်း...
ဘဝများစွာကို ခိုးယူ၍ ဇီဝိန်ခြွေခြင်းနည်းလမ်းများ...
အသွင်သဏ္ဌာန်ဖုံးကွယ်ခြင်းဆိုင်ရာ မှတ်တမ်းမှတ်ရာများ...

လင်းကျန်း သူ့ခေါင်းထဲပေါ်လာတဲ့အရာတွေနဲ့ တော်တော်လေး ရင်းနှီးနေတယ်။ ဒီအရာတွေကို သူအရင်က ကြားခဲ့ဖူးသလိုရှိပေမယ့်လည်း အဲ့အရာနဲ့ပတ်သက်တဲ့ သူ့မှတ်ဉာဏ်တွေက တော်တော်လေးကို ဝေဝါးနေတယ်။ ကြည့်ရတာ သူ့မှတ်ဉာဏ်တွေကို ရှင်းရှင်းလင်းလင်းဖြစ်‌အောင် တော်တော်‌လေး အားစိုက်ထုတ်ရမယ့်ပုံရှိတယ်။

သူငယ်ငယ်က တစ်စုံတစ်ယောက်က သူ့လက်ကိုကိုင်ပြီး ဒီစာလုံးတွေရေးနည်းကို သင်ပေးခဲ့ဖူးသလိုပဲ... အဲ့တာ ဘယ်သူဖြစ်မလဲ..? အဲ့ဒီအသံရှင်က သူ့အပေါ် အရမ်းကို ချစ်ခင်ကြင်နာသလို အရမ်းလည်း စည်းကမ်းတင်းကျပ်လေ့ရှိတယ်... လင်းကျန်း သူ့နှလုံးခုန်နှုန်းတွေ မြန်လာပြီး သူ့မျက်လုံးတွေက မျက်ရည်တွေနဲ့ ဝေဝါးလာခဲ့တယ်... အဲ့တာ သူ့အမေပဲ...

Rebirth of Glory 重生之尊荣 [MM Translation]Where stories live. Discover now