Chapter (14) Put poison in the sobering-up soup

4K 810 9
                                    

Zawgyi
ရဲမက်တွေက အရာရှိထောင်ဖန်းရဲ့ အမိန့်ကိုလိုက်နာပြီး ကျားယွမ်လင်းကိုရိုက်ဖို့ တွန့်ဆုတ်နေကြတော့တယ်။

သူတို့တွေအကုန်လုံးက ထန်းယန်းမြို့ဇာတိတွေ ဖြစ်တဲ့အတွက် ကျားမိသားစုရဲ့ ဩဇာအာဏာ ဘယ်လောက်ထိကြီးလဲဆိုတာကို သိကြသူတွေလည်း ဖြစ်တယ်။

သို့ပေမယ့်လည်း နီးရာဓားကို ပိုကြောက်ရတယ်ဆိုတဲ့ စကားအတိုင်းပဲ ရဲမက်တွေက ဘာအထွန့်မှမတက်ရဲဘဲ ကျားယွမ်လင်းရဲ့မျက်နှာကို ရိုက်ကြတော့တယ်။

အစောင့်ရဲမက်တွေက သန်မာပြီး အင်အားလည်း ကြီးကြတဲ့အတွက် ကျားယွမ်လင်းမှာ တစ်ကြိမ်သာ နာနာကျင်ကျင် အော်လိုက်နိုင်တယ်။

ဘယ်ပြန် ညာပြန် ထပ်တလဲလဲ အရိုက်ခံထားရတဲ့ ကျားယွမ်လင်းရဲ့ ပါးပြင်နှစ်ဘက်က သွေးချင်းချင်းနီနေခဲ့ပြီး ပါးစပ်ကလည်း သွေးတွေအန်လာခဲ့တယ်။

ဒီအခါမှာ ‌ကျားမိသားစုရဲ့အိမ်တော်ထိန်းက ကြောက်လန့်တကြီး ဒူးထောက်ချပြီး ကျားယွမ်လင်းကို ညှာတာပေးဖို့အတွက် တောင်း‌ဆိုနေတော့တယ်။

အမျိုးသမီးဖန်းက‌ ကျားယွမ်လင်းအတွက် ရုံးတော်ကို အလျင်အမြန် အပြေးလာခဲ့ပေမယ့်လည်း သူမရောက်ချိန်မှာတော့ သူမရဲ့သားဖြစ်သူက အရိုက်ခံနေရတာကို မြင်ရတဲ့အခါ မြေကြီးပေါ် ပြိုလဲကျသွားပြီး ငိုယိုနေတော့တယ်။

ဒီခဏမှာပဲ အရာရှိထောင်ဖန်းက ရဲမက်တွေကို ရပ်တန့်ဖို့ လက်ကာပြလိုက်လေတယ်။

လင်းကျန်းက သတိလစ်မတက် လဲကျနေတဲ့ ကျားယွမ်လင်းရဲ့ သွေးနဲ့ မျက်ရည်တွေ ရောထွေးနေတဲ့ မျက်နှာနဲ့ ဖန်းရှီးရဲ့ ခါးခါးသီးသီးနဲ့ အော်ဟစ် ငိုကြွေးနေမှုကို တစိမ့်စိမ့်ကြည့်နေပြီး သူ့နှလုံးသားက သက်သာရာရလာတော့တယ်။

"တိတ်ကြစမ်း..!"
ဆူညံနေတာကိုရပ်ဖို့ အရာရှိထောင်ဖန်းက အော်လိုက်တယ်။

အမျိုးသမီးဖန်းက အရာရှိထောင်ဖန်းရဲ့ အကြည့်စူးစူးကိုမြင်ပြီးနောက် ဒေါသထွက်လာခဲ့တော့တယ်။ ထို့နောက် ငိုတာကို ရပ်လိုက်‌ပြီး မကျေနပ်စွာနဲ့
"အရာရှိမင်း... ကျွန်မသားက ဘာအကြောင်းကြောင့်များ ဒီလိုရက်ရက်စက်စက် နှိပ်စက်ညှင်းပန်းခြင်းကို ခံနေရတာလဲ..?"

Rebirth of Glory 重生之尊荣 [MM Translation]Where stories live. Discover now