Unicode
"ဒုတိယ သခင်ကြီး... မကောင်းတော့ဘူး... သခင်လေး... သခင်လေး ပြဿနာတက်နေပြီ..!"ထန်းယန်းစီရင်စု ရုံးတော်ထဲကို လင်းမိသားစုရဲ့အစေခံက အပြေးအလွှားရောက်လာပြီး လင်းမိသားစုရဲ့ ဒုတိယသခင်ကြီးဖြစ်တဲ့ လင်းကျိုးဝမ်ဆီကို အမောတကောနဲ့ သတင်းလာပို့တော့တယ်။
လင်းကျိုးဝမ် အစေခံကိုကြည့်ပြီး မျက်မှောင်ကြုံ့လိုက်တော့တယ်။
"ရုံးတော်ထဲကိုလာပြီး ဘာလို့အသံကုန် အော်ဟစ်နေရတာလဲ..? အဲ့တာရိုင်းတယ်ကွ..!"အစေခံက အသက်ကို ပြင်းပြင်းရှုလိုက်ပြီးတော့
"လူကြီးမင်းထောင်ဖန်းရဲ့လူယုံ ဝမ်ခဲက ခုနက ရုံးတော်ကိုလာပြီး အစောင့်ဆယ်ယောက် လာခေါ်သွားတယ်... သူကျွန်တော့်ကိုတွေ့တော့ ကျွန်တော်တို့ သခင်လေး ကျားအိမ်တော်မှာ ပြဿနာတက်နေလို့ သခင်ကြီးကို အကြောင်းကြားဖို့လည်း ပြောလိုက်တယ်... အဲ့ဒီနောက်တော့ ကျားအိမ်တော်ကို အစောင့်တွေနဲ့ အလောတကြီး သွားလိုက်တယ်... သူထပ်ပြောသွားတာက ကျားအိမ်တော်ကသခင်လေးက ကျားသခင်ကြီးရဲ့ ကိုယ်လုပ်တော်အသစ်နဲ့ ဖောက်ပြားတယ်ဆိုပြီး ကျွန်တော်တို့သခင်လေးကို စွပ်စွဲတယ်တဲ့... ဒုတိယသခင်ကြီး ကျွန်တော်တို့ သခင်လေးတော့ တကယ်ပြဿနာတက်ပြီထင်တယ်..."လင်းကျိုးဝမ်ရဲ့အမူအရာ ရုတ်ချည်းပြောင်းသွားပြီး အလောတကြီးနဲ့ ထရပ်လိုက်တာကြောင့် သူ့ထိုင်ခုံက ကြမ်းခင်းပေါ် အသံကျယ်လောင်စွာမြည်ပြီး ကျသွားတော့တယ်။
"မင်း ဘာပြောလိုက်တာလဲ..?"အစေခံက နောက်တစ်ခေါက် အသက်ပြင်းပြင်း ထပ်ရှုလိုက်ပြီး
"ဒါပေမယ့် လူတိုင်း အသေအချာကို ပြောနေတာက အခု ကျတော်တို့သခင်လေးက ကျားယွမ်လင်းကို ရုံးတော်မှာ တရားစွဲလိုက်တယ်တဲ့... အဲ့တာကြောင့်ပဲ လူကြီးမင်းထောင်ဖန်းက ကျားယွမ်လင်းကိုဖမ်းဖို့ ရဲမက်တွေကို ခေါ်ခိုင်းလိုက်တာတဲ့..."လင်းကျိုးဝမ်က ထိုစကားကိုကြားပြီး သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်တော့တယ်။ သို့သော်လည်း လင်းကျိုးဝမ်ရဲ့ စိတ်ခံစားချက်တွေက မတည်မငြိမ်ဖြစ်နေပြီး သူ့ကျောပြင်က ချွေးအေးတွေနဲ့ ဖြစ်လာခဲ့တယ်။
"မြန်မြန်လုပ်... ငါတို့ ကျားအိမ်တော်ကို သွားမယ်..."
![](https://img.wattpad.com/cover/249279243-288-k433876.jpg)
ESTÁS LEYENDO
Rebirth of Glory 重生之尊荣 [MM Translation]
Ficción históricaAssociated Names : Rebirth of Glory 重生之尊荣 Author(s) : Huai Ruo Gu 怀若谷 Artist(s) : N/A Year : N/A Status in COO : Completed (535 Chapters + Extras) Licensed : Yes Completely Translated : N...