Chapter (51) Part (2) A Desire to Escape

3.3K 744 18
                                    

Unicode
သူ့ကို ထောင်ချောက်ဆင်ထားတာကို သိသွားပြီးနောက် သူ့အနေနဲ့ စိတ်လိုက်မာန်ပါ မလုပ်မိအောင် သူ့ကိုယ်သူ ပြန်သတိပေးလိုက်တယ်။

အဖမ်းခံထားရတဲ့ စိုက်ခင်းလုပ်သားတွေကို တပ်စခန်းထိ မရောက်ခင် လွှတ်မြောက်အောင် သူ လုပ်ရမယ်။ အဲ့ဒါမှသာ သူတို့အတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်။

လင်းကျန်းက တပ်စခန်းရှိတဲ့အရပ်ကို စူးစိုက်ကြည့်နေရင်း သူ့ခေါင်းထဲမှာ အကြံတစ်ခု ဖြတ်ခနဲနဲ့ ပေါ်လာတယ်။

အဲ့ဒီနောက် သူက ကျိုးကွမ်းဖူကို ပြောလိုက်တယ်။
"ကျောင်းကျီဆေးဆိုင်ကလူတွေက အခုထွက်သွားရုံပဲ ရှိသေးတယ် မဟုတ်လား... သူတို့လှည်းအပြည့်နဲ့ ဆေးတွေကို သယ်ထားရတယ်ဆိုတော့ သိပ်ဝေးဝေး ရောက်ဦးမှာ မဟုတ်သေးဘူးလို့ ထင်တယ်... ကြီးကြပ်ရေးမှူးကျိုး သူတို့ကို တားဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်... ပြီးရင် ကျွန်တော်တို့မှာ အရေးကြီးကိစ္စပေါ်လို့ သူတို့ရဲ့ အကူအညီလိုတယ်လို့ ပြောခိုင်းလိုက်..."

"အကြီးဆုံး သခင်လေးက မဟုတ်မှလွဲရော..!"

လင်းကျန်းက ခေါင်းညိမ့်ပြလိုက်တယ်။
"ဒီတောအုပ်က မြို့စောင့်တပ်အပိုင်နယ်မြေ မဟုတ်ဘူး... အခုဖြစ်တဲ့ကိစ္စက ကျွန်တော့်ကို မျှားခေါ်ဖို့ ကြံထားတာပဲ ဖြစ်လိမ့်မယ်... ကျွန်တော် အခုနေ မြို့စောင့်တပ်စခန်းထဲ ရောက်သွားရင် အရာရာတိုင်းက သူတို့အကြိုက် ဖြစ်သွားလိမ့်မယ်..! အဲ့တာကြောင့် ကျွန်တော်တို့က စိုက်ခင်းလုပ်သားတွေ တပ်စခန်းထဲထိ မရောက်ခင်မှာ ပြန်ကယ်ထုတ်ရမယ်... သူတို့ဘက်က မတရားလုပ်တာဖြစ်လို့ ဒီကိစ္စကို လူသိခံ‌ချင်မှာ မဟုတ်ဘူး... အဲ့ဒီအတွက်ကြောင့် ဒီကိစ္စမှာ ကျွန်တော်တို့က ကျောင်းကျီဆေးဆိုင်ရဲ့ အကူအညီကို လိုတယ်..."

လင်းကျန်းရဲ့ စကားကို ကြားပြီးတော့ ကျိုးကွမ်းဖူရဲ့မျက်လုံးက အရောင်တောက်လာတယ်။
"ဒီနောက်လိုက် သိပါပြီ..! အခုချက်ချင်း ကျောင်းကျီကလူတွေကို တားဖို့အတွက် လူလွှတ်လိုက်ပါ့မယ်..!"

အဲ့ဒီနောက် လင်းကျန်းက သူနဲ့ပါလာတဲ့ အစောင့်ဆယ့်နှစ်ယောက်ကို ခေါ်လိုက်တယ်။
"မောင်းမောင်းကို စောင့်ရှောက်ဖို့ ငါးယောက်နေခဲ့..! ကျန်လူတွေက ငါနဲ့လိုက်ခဲ့ကြ..!"

Rebirth of Glory 重生之尊荣 [MM Translation]Where stories live. Discover now