Chapter (10) Do you want to rebel?

4.3K 803 10
                                    

Unicode
လင်းကျန်းက အရာရှိထောင်ဖန်းရဲ့ မဲမှောင်နေတဲ့အမူအရာကိုကြည့်ပြီး ဒီနေ့ ကစားပွဲ‌တစ်ဝက်ကို သူအနိုင်ရလိုက်ပြီဆိုတာ သိလိုက်တယ်။

ထန်းယန်းမြို့က တစ်ခြားမြို့များနဲ့မတူဘဲ 
မြို့ရဲ့အုပ်ချုပ်မှုအာဏာစက်က မြို့စောင့်တပ်ရဲ့ လက်ထဲမှာဖြစ်တယ်။ မြို့စောင့်တပ်ရဲ့ အခွင့်အာဏာက အရာရှိထောင်ဖန်း ဦးဆောင်နေတဲ့ အရပ်ဘက်အရာရှိတွေထက် ပိုပြီးကြီးမားတယ်။ အဲ့ဒါအပြင် အရပ်ဘက်နဲ့ စစ်ဘက်ကြားက သဘောထားကွဲလွဲမှုတွေလည်း အများအပြား ရှိနေလေတယ်။

လင်းကျန်းရဲ့အရင်ဘဝတုန်းက ရုံးတော်အရာရှိတွေက သူတို့လင်းမိသားစုအပေါ် ပြင်းပြင်းထန်ထန်ကို ဆန့်ကျင်ခဲ့ကြတယ်။ ဒီလိုဆန့်ကျင်ရတဲ့ နောက်ကွယ်က အဓိကအကြောင်းရင်းကတော့ ထန်းယန်းမြို့စောင့်တပ်ရဲ့ စစ်သူကြီး ကျန်းချုန်းရဲ့ ဖိအားပေးမှုကြောင့်သာဖြစ်တယ်။

အဲ့ဒါအပြင်ကို စစ်သူကြီး ကျန်းချုန်းက ကျားမိသားစုရဲ့နောက်ကွယ်က အဓိကအင်အားဖြစ်တဲ့အတွက် မည်သူတစ်ဦးတစ်ယောက်ကမှ ကျားမိသားစုကို လွယ်လွယ်နဲ့ အပြစ်မပြုရဲကြဘူး။

အမျိုးသမီးဖန်း သူမနှုတ်ခမ်းကို ကိုက်ထားမိတော့တယ်။ သူမ စကားမှားသွားပြီး အရာရှိထောင်ဖန်းကို အပြစ်ပြုမိလိုက်ပြီဖြစ်တဲ့အတွက် အနာဂတ်မှာ ကောင်းမွန်တဲ့ဆက်ဆံရေးရဖို့က ခဲယဉ်းသွားပြီဖြစ်တယ်။

သူမအနေနဲ့ အရာရှိထောင်ဖန်းကို ရန်စမိခဲ့ပေမယ့်လည်း သူမဘက်မှာ စစ်သူကြီး ကျန်းချုန်းတစ်ယောက်လုံး ရှိသေးတယ်။ မကြာမီအချိန်တွင်းမှာပဲ သူမသားကို ဒီအရှုပ်အထွေးကနေ စစ်သူကြီးက လာကယ်ထုတ်ပေးလိမ့်မယ်။

သခင်မကြီးဖန်း : "လူကြီးမင်းထောင်... ကျွန်မတို့ရဲ့ စစ်သူကြီးက ယွမ်လင်းကို တူသားရင်းတစ်ယောက်လို ချစ်ခင်တယ်... အကယ်၍ လူကြီးမင်းက စစ်သူကြီးကို အသိမပေးဘဲ ယွမ်လင်းကို ဖမ်းဆီးတာက သိပ်ကိုမများလွန်းဘူးလားရှင့်..!"

အမျိုးသမီးဖန်းရဲ့ စကားအဆုံးမှာတော့ လင်းကျန်းက အသံထွက်ပြီး လှောင်ရယ်လိုက်တယ်။

Rebirth of Glory 重生之尊荣 [MM Translation]Nơi câu chuyện tồn tại. Hãy khám phá bây giờ