Chapter (39) Young Master Will Be Very Happy!

3.4K 744 39
                                    

Unicode
အဲ့ဒီအချိန်မှာပဲ လိန်းထျန်းမြို့မှာတော့....

"......မင်းရဲ့သခင်ကြီးက စာထဲမှာ ဘာရေးထားလဲဆိုတာ မင်းကို မပြောလိုက်ဘူးလား..!"

"မာရှယ်လ်ခင်မျ... ဒီနိမ့်ကျတဲ့လူက သခင်ကြီးအမိန့်အတိုင်း စာကို မာရှယ်လ်တို့ အိမ်တော်သားတွေဆီ ပို့ဖို့ ရောက်လာခဲ့တာပါ... စာထဲမှာ ဘာပြောထားလဲ ဆိုတာကိုတော့ ဒီနိမ့်ကျတဲ့လူက မသိပါဘူး..!"

အိမ်တော်ထိန်းက မာရှယ်လ်က သူစာကိုဖတ်ထားတယ်လို့ သံသယဝင်ပြီး မေးနေတယ်လို့ ထင်လိုက်တဲ့အတွက် အလျင်အမြန်ကို ရှင်းပြလေတယ်။

ယွီဝန်ထုန်က ထိုစာကို သူ့လက်တွေနဲ့ ဖိညှစ်လိုက်ပြီး အဝေးမှာ ထားလိုက်တယ်။ အဲ့ဒီနောက်မှာတော့ အိမ်တော်ထိန်းကို သူ မေးလိုက်တယ်။
"မင်းတို့ရဲ့ သခင်လေးက တစ်ယောက်ယောက်နဲ့များ ချစ်ကျွမ်းဝင်နေတာလား..!"

အဲ့ဒီတစ်ခဏမှာ အိမ်တော်ထိန်းရဲ့စိတ်က ဗလာသက်သက် ဖြစ်သွားတယ်။
"ဒါက.... မရှိပါဘူး..."

"တစ်ခြားအိမ်တော်တစ်ခုခုကနေ လက်ထပ်ဖို့အတွက် လာပြီးကမ်းလှမ်းတာရော ရှိလား..!"
ယွီဝန်ထုန်က ဆက်ပြီး မေးလိုက်တယ်။

အိမ်တော်ထိန်းက အခုထက်ထိကို ခေါင်းရှုပ်နေလေတယ်။
"မရှိပါဘူး... သခင်လေးရဲ့ မင်္ဂလာပွဲက ဆုံးဖြတ်ချက် မချရသေးပါဘူး... ကျွန်တော်တို့ရဲ့ လောင်ယဲ့နဲ့ ဒုတိယ သခင်ကြီးတို့က သခင်လေးရဲ့ မင်္ဂလာပွဲကို စီစဉ်ထားတာလည်း မရှိပါဘူး... နောက်ပြီး သခင်လေးမှာလည်း ချစ်ရမယ့်လူ မရှိသေးပါဘူး..."

'ချစ်ရမယ့်လူ မရှိဘူး... လက်ထပ်တော့မှာကြောင့်လည်း မဟုတ်ဘူး... အဲ့တာဆို လင်းမိသားစုက ဘာလို့ ရုတ်တရက်ကြီး စေ့စပ်ကြောင်းလမ်းထားမှုကို ဖျက်သိမ်းပစ်ချင်ရတာလဲ..!'
ယွီဝန်ထုန်က သူ့လက်ထဲက စာကို ကြည့်ပြီး အတွေးများနေတယ်။

[T/N : ခွီး... အပစ်ခံလိုက်ရတဲ့ မာရှယ်လ်ကြီး...😂😂]

'ဒီနေ့မတိုင်ခင်အထိ လင်းရှင်းကျုန်းက သူ့အဖိုးဖြစ်သူကို ကယ်ဆယ်ခဲ့တာကိုပဲ သူသိခဲ့တာ...'

'သူ့အဖိုးက လင်းမိသားစုနဲ့ သူ့ကို စေ့စပ်ကြောင်းလမ်းပေးထားခဲ့တယ် ဆိုတာကိုတော့ သူမသိခဲ့ဘူး...'

Rebirth of Glory 重生之尊荣 [MM Translation]Where stories live. Discover now