Chapter (27) Xiao Feng's Fear

3.4K 675 4
                                    

Unicode
လင်းကျန်းရဲ့ခြံဝန်းထဲက အလောင်းနှစ်လောင်း သယ်ထုတ်သွားတာကို လူတော်တော်များများ မြင်လိုက်ကြတယ်။ မကြာမီမှာပဲ အဲ့ဒီသတင်းက လင်းရှင်းကျုန်းနဲ့ လင်းကျိုးဝမ်တို့ရဲ့ နားထဲ ရောက်သွားတော့တယ်။

"သူတို့ကို ပိုင်ရှင်မဲ့သုသာန်မှာ ပစ်လိုက်ကြတာလား..!"
လင်းရှင်းကျုန်းက စူးရဲနေတဲ့အကြည့်နဲ့ အိမ်တော်ထိန်းကို ကြည့်လိုက်တယ်။

အိမ်တော်ထိန်းက သတိကြီးကြီးထားပြီး
"ဟုတ်ပါတယ်... သခင်ကြီး..."

လင်းရှင်းကျုန်းရဲ့မျက်နှာက လေးနက်လာခဲ့တော့တယ်။ ခဏအကြာမှာ အိမ်တော်ထိန်းကို
"အစေခံတွေကို လျှောက်မပြောဖို့ သတိပေးလိုက်..! ဒီကိစ္စကို အိမ်တော်အပြင်ကို မရောက်စေနဲ့..!"

အိမ်တော်ထိန်း : "ဒီအစေခံ သိပါပြီ... အခုပဲ လုပ်လိုက်ပါမယ်..."

အိမ်တော်ထိန်းက အဝတ်ဖြူနဲ့ ဖုံးထားတဲ့ အလောင်းနှစ်လောင်းကို တွေးမိပြီးနောက် သူ့နှလုံးသားတစ်ခုလုံး ကြောက်စိတ်တွေနဲ့ ဖြစ်လာခဲ့တယ်။

နူးညံ့သိမ်မွေ့ပြီး ကျိုးပဲ့လွယ်တယ်လို့ထင်ရတဲ့ သခင်လေးက တစ်ချိန်တည်းမှာပဲ ဒီလိုရက်စက်လှတဲ့ လုပ်ရပ်မျိုးကို မတွန့်မဆုတ်ဘဲ လုပ်နိုင်တဲ့ သူတစ်ယောက်ဆိုတာ ဘယ်သူမှ တွေးထင်မိမှာမဟုတ်ဘူး။

"ခဏနေဦး..!"
လင်းရှင်းကျုန်းက သတင်းလာပို့ပြီး ပြန်ထွက်သွားတော့မယ့် အိမ်တော်ထိန်းကို တားလိုက်ပြီး
"အိမ်တော်ထဲက အစေခံတွေကို သေချာစောင့်ကြည့်ထားလိုက်..! သံသယဖြစ်စရာတွေ့တာနဲ့ ငါ့ဆီ ချက်ချင်း သတင်းလာပို့..!"

လင်းရှင်းကျုန်းရဲ့ အယုံကြည်ရဆုံး နောက်လိုက်ဖြစ်တဲ့အပြင် ညာလက်ရုံးလည်းဖြစ်တဲ့ အိမ်တော်ထိန်းက ဒီစကားကိုကြားပြီး လင်းရှင်းကျုန်း နောက်လုပ်မယ့်အရာကို သိသွားတယ်။ အဲ့ဒီနောက် သူ့နှလုံးသားတစ်ခုလုံး ကြောက်စိတ်တွေနဲ့ စူးအောင့်လာခဲ့တော့တယ်။
"နားလည်ပါပြီ... သခင်ကြီး..!"

အိမ်တော်ထိန်း အခန်းထဲကနေ ထွက်သွားပြီးနောက်မှာတော့ လင်းရှင်းကျုန်းက လင်းကျိုးဝမ်ကိုကြည့်လျက်
"အဲ့ဒီနှစ်ယောက်က ဒီနေ့ ကျန်းအာနဲ့အတူ ကျားမိသားစုအိမ်ကို လိုက်သွားခဲ့တာ မဟုတ်လား..!"

Rebirth of Glory 重生之尊荣 [MM Translation]Donde viven las historias. Descúbrelo ahora