Chapter(2)part(2) အမူးပြေစွပ်ပြုတ်(အမူးပြေစွပ်ပြုတ်)

4.7K 923 22
                                    

(T/N note : အဟမ်း... အဟမ်း... ကိုယ့်readerလေးတွေက ချစ်ဖို့‌ကောင်းလို့ ဒီနေ့ ထပ်တင်ပေးလိုက်တယ်နော်...❤️😘)

Unicode
ထိုအချိန်တွင်းမှာပဲ မနှစ်မြိုစရာကောင်းတဲ့အနံ့အသက်ရှိတဲ့ အမူးပြေစွပ်ပြုတ်တစ်ပန်းကန်က လင်းကျန်းရဲ့အရှေ့ကို ရောက်လာတော့တယ်။ လင်းကျန်း သူ့မျက်ခုံးကိုပင့်လိုက်ပြီး စွပ်ပြုတ်ပန်းကန်ကိုကိုင်ပြီးတော့ သူ့‌ပတ်လည်က လူအုပ်ကို သေချာကြည့်‌လိုက်တယ်။

"ညီလေးကျန်း... ဘာများမှားနေလို့လဲ... ဒါသောက်ပြီး အခန်းထဲမှာ သွားအနားယူနေလိုက်လေ... အဲ့တာဆို မင်း ပိုသက်သာသွားလိမ့်မယ်..." သူ့ရှေ့တည့်တည့်မှာ ထိုင်နေတဲ့သူက အစ်ကိုကြီးက သူ့ညီငယ်ကို အရမ်းချစ်လို့ အလိုလိုက်အကြိုက်ဆောင်နေတဲ့ အပြုအမူမျိုးကို ပြုမူပြနေတယ်။

ကျန်လေးယောက်က ရေခဲသဖွယ်အေးစက်တဲ့အကြည့်တွေနဲ့ လင်းကျန်းကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေတယ်။ လင်းကျန်း သူ့အရင်ဘဝတုန်းက ဒီအကြည့်တွေရဲ့အောက်မှာ ဖုန်းကွယ်ထားတဲ့ ကောက်ကျစ်စဉ်းလဲမှုတွေကို မမြင်ခဲ့ဘူး။ အခုလင်းကျန်းကတော့ အဲ့အကြည့်တွေရဲ့ အောက်မှာရှိတဲ့ သဘောထားအစစ်အမှန်ကို သိနေပြီးဖြစ်တယ်။

လင်းကျန်း ထိုလူတွေမသိအောင် သူ ထေ့ငေါ့စွာပြုံးလိုက်ပြီးနောက်မှာတော့ စွပ်ပြုတ်ပန်းကန်ကို သူ့နှုတ်ခမ်းနားကပ်ယူပြီး အကုန်သောက်ချလိုက်တယ်။ ထိုအခါမှသာ စားပွဲဝိုင်းက လူငါးယောက်ရဲ့ စိတ်သက်သာရာရသွားတဲ့အပြုအမူကို သူဖမ်းမိလိုက်တယ်။ အာ... သူတို့တွေက အရမ်းကို စက်ဆုပ်စရာကောင်းကြတာပဲ။

"အပြင်က တစ်ယောက်ယောက်လာကြဦး... ညီလေးကျန်းကို အနားယူဖို့ ခေါ်သွား‌လိုက်ကြတော့..."

မသိမသာ ခေါင်းညိတ်အချက်ပြခြင်းနဲ့အတူ လင်းကျန်းကို အစေခံနှစ်ယောက်က အနားယူဖို့ အခန်းကို ခေါ်ဆောင်သွားတယ်။ အဲ့လိုသွားနေစဉ်တောအတွင်းမှာပဲ လင်းကျန်း သူ့လည်ပင်းမှာ ဆွဲထားတဲ့ ကျောက်စိမ်းဆွဲပြားလေးကို ဖြုတ်ယူလိုက်ပြီး အာခံတွင်းထဲမှာ ငုံထားလိုက်တယ်။

သူ့ခံတွင်းတစ်လျှောက် ဆေးအနံ့သင်းသင်းလေး ပေါ်ထွက်လာပြီး စွပ်ပြုတ်ကြောင့် မူးဝေနောက်ကျိနေတဲ့စိတ်က ပြန်လည်သက်သာလာတော့တယ်။

Rebirth of Glory 重生之尊荣 [MM Translation]Donde viven las historias. Descúbrelo ahora