Chapter (23) Gone Too Far

3.5K 691 5
                                    

Unicode
ထိုစကားများက ချက်ချင်းပင် လင်းကျန်းရဲ့ စိတ်ထဲသို့ အမှတ်တရများစွာကို ယူလာခဲ့တယ်။ သူ့ ဦးလေးက ဝမ်းကွဲညီကို ဆုံးမသည့်အခါ သုံးလေ့ရှိတဲ့နည်းကို သူသတိရလာခဲ့တော့တယ်။ ဒီအမှတ်တရတွေက နွေးထွေးတဲ့လေလိုမျိုးဖြစ်ပြီး အေးစက်နေတဲ့ သူ့နှလုံးသားကို လွှမ်းခြုံပေးထားပြီး နွေးထွေးစေလေတယ်။

ရှေ့ဆုံးဝေါယာဉ်က အိမ်တော်‌ဂိတ်တံခါးရှေ့မှာ ရပ်တန့်လိုက်တယ်။ လင်းကျန်းက သူ့ဝမ်းကွဲညီကို အောက်ချလိုက်ပြီးနောက် လေးလေးစားစားနဲ့ ဝေါယာဉ်ဘေးနားမှာ ရပ်လျက် ဝေါယာဉ်ထဲကပုဂ္ဂိုလ်ကို စောင့်ဆိုင်းနေလေတယ်။

လှပပြီးအဖိုးတန်တဲ့ ခန်းစီးစကိုဖယ်ပြီး ဝေါယာဉ်ပေါ်က ထွက်လိုက်တာနဲ့ လင်းရှင်းကျုန်းတစ်ယောက် သူ့‌မြေးအကြီးဆုံးဖြစ်သူရဲ့ မျှော်လင့်‌စောင့်စားနေတဲ့ မျက်နှာကို တွေ့လိုက်ရတော့တယ်။

သူတို့လင်းအိမ်တော်ကိုမရောက်မီ သတင်းပို့သမား ယူဆောင်လာတဲ့ သတင်းစကားကြောင့် လင်းကျန်းရဲ့ လုပ်ရည်ကိုင်ရည်ကို သူ‌ တော်တော်လေး နှစ်ခြိုက်အားရမိသော်လည်း လင်းကျန်းကို ထိခိုက်အောင် ကြိုးစားကြတဲ့ လူတစ်ချို့ကိုတော့ သူ မခံမရပ်နိုင်အောင် ဒေါသထွက်လေတယ်။

လင်းကျန်း ဝေါယာဉ်ထဲက ထွက်လာတဲ့ အဖိုးအိုကို မြင်လိုက်တဲ့အခါမှာ သူ့မျက်လုံးတွေက အကောင်ကိုက်ခံရသလို နာကျင်လာခဲ့ပြန်တယ်။

လင်းကျန်း : "အဖိုး... အိမ်တော်ကနေ ပြန်လည်ကြိုဆိုပါတယ်..."

လင်းကျန်းက ရှေ့ကိုတိုးသွားလိုက်တယ်။ ဝေါယာဉ်ပေါ်က သူ့အဖိုးဖြစ်သူဆီ သူ့လက်ကမ်းပေးပြီး ဝေါယာဉ်အဆင်းကို လွယ်ကူအောင် ကူညီပေးလိုက်တယ်။

လင်းကျန်း : "လမ်းခရီး အဆင်ပြေချောမွေ့ရဲ့လား... အဖိုး..!"
လင်းကျန်းက တည်ငြိမ်တဲ့အသံနဲ့ ဆက်ပြောလေတယ်။
"ခရီးလမ်းအရှည်ကြီး နှင်လာရလို့ အဖိုးလည်း ပင်ပန်းနေရော့မယ်ထင်တယ်..!"

လင်းရှင်းကျုန်းက သူ့လက်တစ်ဖက်ကို လင်းကျန်းရဲ့လက်အပေါ်မှာ အုပ်မိုးဆုပ်ကိုင်ထားလိုက်ပြီး
"မဆိုးဘူး... ဒီတစ်ခါခရီးက တော်တော်လေးကို အဆင်ပြေခဲ့တယ်... ဒီခရီးလောက်နဲ့တော့ မပင်ပန်းပါဘူးကွာ... ငါအဖိုးကြီးက မင်းတို့လူငယ်လေးတွေထက်တောင် သန်မာသေးတယ်ကွ..."
လင်းရှင်းကျုန်းက ဆက်လက်၍
"အပြန်လမ်းမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ အဖိုးကြားခဲ့တယ်... မင်းအနေနဲ့လည်း တော်တော်လေး ခံစားခဲ့ရမှာပဲ... ဒီကိစ္စကို မင်း ကိုင်တွယ်တဲ့ပုံကလည်း တော်တော်လေးကို ကောင်းတယ်... ဒီအဖိုးက မင်း ဒီလိုလူလားမြောက်လာခဲ့တာကို မြင်ခွင့်ရတာ ဝမ်းသာတယ်ဟေ့..."

Rebirth of Glory 重生之尊荣 [MM Translation]Donde viven las historias. Descúbrelo ahora