Chapter (26) To Execute Those Treacherous Servants

3.4K 674 13
                                    

Unicode
"သခင်လေး ဘာများဖြစ်လာတာလဲ..! သူ့ပုံက အရမ်းကြောက်ဖို့ကောင်းနေတယ်..!"

ရှဖုန်းတစ်ယောက် ခန်းမဆောင်ထဲကနေ အပြင်ကိုထွက်လာတော့ ခြံဝန်းထဲက အစေခံတွေက သူ့အနားဝိုင်းလာကြတော့တယ်။

ရှဖုန်းဆိုတာက လင်းကျန်းအနားက လိမ္မာပါးနပ်ဆုံး အစေခံတစ်ယောက်ဖြစ်ပြီး ဒီခြံဝန်းထဲမှာရှိတဲ့ တစ်ခြားအစေခံတွေထက် ရာထူးကြီးလေတယ်။

အိမ်တော်ထိန်းက သူ့ဆီလာပြီး အိမ်တော်အပြင်မှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကို ပြောပြခဲ့တာကြောင့် သူက တစ်ခြားအစေခံတွေထက်စာရင် အကြောင်းအရာတော်တော်များများကို ပိုသိလေတယ်။

ရှဖုန်း : "သွားပြီးတော့ တုံရှန်းနဲ့ တုံစုန့်ကို ခေါ်လာခဲ့..! ပြီးတော့ ကိုယ် မ‌သိသင့်တဲ့ကိစ္စတွေကို သိဖို့ မကြိုးစားကြနဲ့..!"

ရှဖုန်းရဲ့ လေသံခပ်မာမာကို သတိပြုလိုက်မိပြီးနောက် အစေခံနှစ်ယောက်ရဲ့ခေါင်းက ကျုံ့ဝင်သွားပြီး ဘာစကားမှမပြောရဲတော့ဘဲ တုံရှန်းနဲ့ တုံစုန့်ကိုခေါ်ဖို့ သွားတော့တယ်။ 

ဒီအစေခံနှစ်ယောက် ထွက်သွားပြီးတဲ့နောက်မှာတော့ ရှဖုန်းရဲ့မျက်နှာက မဲမှောင်လာတယ်။ ဒီနေ့ ခြံဝန်းထဲမှာ တစ်ခုခုဖြစ်ခဲ့တာကြောင့် ကျားမိသားစုရဲ့ ပွဲအခမ်းအနားကို သူက သခင်လေးနဲ့ လိုက်မသွားခဲ့ဘူး။ အဲ့ဒီပွဲမှာ တစ်ခုခုဖြစ်မယ်လို့လည်း ထင်မထားခဲ့ဘူး။ တကယ်လို့ သခင်လေးသာ တည်တည်ငြိမ်ငြိမ်နဲ့ ဒီကိစ္စကို မကိုင်တွယ်နိုင်ခဲ့ရင် အိမ်တော်တစ်ခုလုံးက ဒုက္ခအကြီးအကျယ် ရောက်သွားမှာ ဖြစ်တယ်။

တုံရှန်းနဲ့ တုံစုန့်တို့နှစ်ယောက်က သခင်လေးနဲ့အတူ ကျားအိမ်တော်ကို လိုက်ပါသွားတဲ့သူတွေပဲ ဖြစ်တယ်။ သူတို့အနေနဲ့ သခင်လေးကို ကျားယွမ်လင်းက ထိခိုက်အောင် ပြုလုပ်ခွင့် မပေးသင့်ဘူး။

သူတို့အ‌နေနဲ့ တာဝန်ကို မကျေပွန်တာပဲဖြစ်ဖြစ် တစ်ခုခုနဲ့ လှည့်စားခံရတာမျိုးပဲဖြစ်ဖြစ် ဘာ့‌ကြောင့်ပဲ ဖြစ်ပါစေ။ ဒီနေ့ သူတို့ရဲ့ လစ်ဟင်းမှုက လုံးဝကို ခွင့်လွှတ်လို့မရနိုင်တဲ့ ကိစ္စပဲ။

Rebirth of Glory 重生之尊荣 [MM Translation]Dove le storie prendono vita. Scoprilo ora