ရှင်းလျှန်တစ်ယောက်ဒီနေ့မနက်တွင်တော့စောစောထကာပြင်ဆင်နေလေသည်။ရေမိုးချိုး ပြင်ဆင်ရင်း သီချင်းလေးတငြီးငြီးနဲ့ သူ့မျက်နှာဟာလည်းပြုံးလို့ပေါ့။မနေ့ညထဲကနားထဲကမထွက်တဲ့စကားလေးနှစ်ခွန်းဟာ ခုချိန်ထိကိုတဝဲလည်လည်ရယ်
"အိမ်ပြန်ရင်ကြည်ကြည်နူးနူးပြန်။မင်းအတွက်ငါရှိနေတယ် ဆိုတဲ့အတွေးလေးနဲ့" ဆိုတဲ့စိုင်းမော်ရှန်းရဲ့ထိုစကားလေးနှစ်ခွန်းဟာရှင်းလျှန်၏နားထဲတွင်တစ်ညလုံးပဲ့တင်ထပ်လို့ အပြုံးတို့ကိုစွမ်းဆောင်ပေးနေပါ၏။ရှင်းလျှန်ဆိုသောထိုလူသားလေး၏ဘဝတွင် ဘယ်အရာကမှသူ့အပိုင်ဟူ၍မဖြစ်တည်ခဲ့တာကြောင့် ထိုစကားလေး၂ခွန်းဟာသူ့အတွက်သိပ်ကိုကျေနပ်စရာကောင်းနေမှာအမှန်ပင်။ပြင်ဆင်လို့အပြီးနာရီကိုငုံ့ကြည့်လိုက်တော့ ၇နာရီသာရှိသေးသည်။စာသင်ချိန်က၁၁နာရီမှစတာမို့ ၁၀နာရီလောက်မှစိုင်းမော်ရှန်းကိုသွားခေါ်ရမည်ဆိုသော်လည်း စိတ်အစဥ်တို့ကမစောင့်နိုင်တော့။စကားလေး၂ခွန်းရဲ့ပဲ့တင်သံဟာထိုလူသားရှိရာဆီသို့သံလိုက်သဖွယ် ဆွဲခေါ်နေလေသည်။သူ့အတွက်ပျော်ရွှင်ခြင်း၊သူ့အတွက်ချစ်ခြင်း၊သူ့တစ်ယောက်ထဲအတွက်ဖြစ်တည်ခြင်းဆိုတဲ့အရာလေးကိုသူစတင်ရှာဖွေချင်မိပြီ။ ဤအရာတွေအကုန်လုံးဟာလူတစ်ယောက်ရဲ့စကားလေးနှစ်ခွန်းမှအစပြုခဲ့သည်။ထို့ကြောင့်ထိုလူကိုသူတွေ့ချင်လှပါပြီ။
၇နာရီသာရှိသေးသော်လည်း ကားသော့လေးဆွဲကာ စိုင်းမော်ရှန်း၏အိမ်ဘက်သို့ခြေဦးလှည့်ခဲ့သည်။ရှင်းလျှန်အိမ်ကထွက်လာချိန်တွင်တော့ မောင်တစ်ယောက်ကတော့ခေတ်ရင်ခွင်ထဲဝယ်ကိုယ်လုံးကြီးတိုးဝင်ကာကွေးလို့ပေါ့။
"မောင်..ဟေ့မောင်!"
ခေတ်ကသူ့အားအတင်းအကျပ်ဖက်ထားသောမောင့်လက်တွေထဲကနေရုန်းရင်းမောင့်ကိုလည်းလှုပ်နှိုးနေတော့ ဘုန်းမာန်ပြည့်မောင်ဆိုသောထိုလူသားရဲ့အိပ်ချင်မူးတူးနဲ့ထူးသံလေးကထွက်လာလေသည်။
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)