"မောင် မောင် ထထ မောင် ထစမ်း!"
ခေတ်တစ်ယောက်မနေ့ကလိုပဲညအိပ်တော့ယောင်နေတဲ့မောင့်ကိုလှုပ်နှိုးနေလေသည်...မနှိုးလို့မဖြစ် မောင်သည်မနေ့ကထက်ပို၍ဆိုးရွားစွာယောင်နေသည် အသက်ကိုလုရှူရင်းငိုရှိုက်နေသည်က အခန့်မသင့်ရင်အသက်ရှူရပ်သွားနိုင်သည်.....
"မောင် ထလို့ပြောနေတယ်ကွား"
"ဟား...."မောင်သည်အသက်ကိုပြင်းပြင်းရှုရင်းထလာလေသည် ရင်ဘတ်အစုံဟာလည်းနိမ့်ချည်မြင့်ချည်နှင့်အဆမတန်ခုန်နေလေရဲ့...
"မောင် မင်းအဆင်ပြေရဲ့လား...ချွေးတွေလည်းနစ်နေတာပဲ...ငါအကျီယူပေးမယ်လဲလိုက်နော်"
မွေ့ယာပေါ်ကနေအမြန်ထကာ မောင့်ဗီဒိုထဲကခပ်ပါးပါးအကျီလေးတစ်ထည်ယူလာပြီးလဲစေလိုက်သည်.....မောင်သည်အကျီလဲပြီးသည့်တိုင်မည့်သည့်စကားမှမဆိုငူငူငိုင်ငိုင်သာထိုင်နေလေသည်....
"မောင်ပြန်အိပ်တော့လေ ငါရှိတယ်"
"အိပ်မပျော်တော့ဘူး"
"မင်းဘာတွေဖြစ်ခဲ့လို့လဲမောင် ညတိုင်းအိမ်မက်ဆိုးတွေမက်တာလားကွ"
ခေတ်ကမေးတော့မောင်သည်ပြန်မဖြေပဲကျောပေး၍သာလှဲသွားလေသည်.....
"မင်းမဖြေချင်လည်းရပါတယ်ကွ...ငါကငါကူညီပေးနိုင်တာရှိရင်ကူညီပေးမလို့ပါ..."
"ရတယ် ကျေးဇူးတင်တယ် "ခေတ်ကိုကျောပေးလှဲထားရင်းသာတုန်တုန်ယင်ယင်ထွက်လာသောမောင့်အသံ.....
"ငါရှိတယ်နော်မောင် စိတ်ချလက်ချအိပ် မင်းမနေ့ညကလိုငါ့မျက်လုံးတွေကိုင်အိပ်ချင်လည်းရတယ်နော်မောင်...."
ခေတ်ကထိုသို့ပြောတော့ကျောပေးထားရာမှဆက်ကနဲလှည့်ကြည့်လာလေသောမောင်...
"ကျွန်တော်ကခေတ်မျက်လုံးတွေကိုကိုင်တယ်"
"အင်းမနေ့ညကမင်းယောင်သေးတယ်လေ ပြီးတော့ငါ့မျက်လုံးတွေကိုကိုင်ပြီးပြန်အိပ်ပျော်သွားတာဗျား"
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)