မောင်နဲ့ငါရဲ့ဇာတ်လမ်းလေးကိုပြောပြသွားမယ်....မောင်နဲ့ငါကငါဖန်တီးတဲ့ကံကြမ္မာအရဆန်းပြားစွာတွေ့ခဲ့ကြတာ...
မိုးတွေတဝေါဝေါရွာနေသောအဝေးပြေးလမ်းမကြီးထက်တွင်အဆင့်မြင့်ခရီးသွားကားမဟုတ်သောရိုးရိုးသာမာန်လိုင်းကားအပုလေးသည်ခေါင်မိုးပေါ်တွင်အထုပ်တွေ၊တောင်းတွေကိုမဆံ့မပြဲတင်လျက်၊ကားထဲမှာလည်းမြို့ပေါ်တက်မယ့်တောသူတောင်သားတွေကိုဆံ့သလောက်သယ်ဆောင်ကာယိမ်းလိုက်ယိုင်လိုက်ဖြင့်မောင်းနှင်လာလေသည်။ရန်ကုန်မြို့ကြီးထဲရောက်တော့အလျှိုလျှိုအသီးသီးသည်မိမိတို့နှင့်သက်ဆိုင်ရာနေရာအသီးသီးသို့သွားကြလေသည်။ထိုကားပေါ်ကဆင်းလာသူတွေမှာလမ်းမေးသူကမေးကြ၊ကားတားဆီးသူကတားကြ၊အမျိုးတွေလာကြိုလို့လိုက်သွားသူတွေကလိုက်ကြနှင့်။ထိုထဲမှကောင်လေးတစ်ယောက် အသားလေးကခပ်ညိုညို၊အရပ်လေးကပုပု၊လူလေးကလုံးလုံး၊ဆံပင်လေးတွေကကောက်တိကောက်ကွေးနဲ့မျက်ခုံးလေးကထူထူ၊မျက်လုံးလေးကဝိုင်းဝိုင်း....အင်း..ပါးပေါ်မှာလည်းပါးချိုင့်လေးတစ်ဖက်ပါသေးတယ်။ကျောပေါ်မှာအဝတ်အစားအပြည့်နဲ့လွယ်အိတ်ခပ်စုတ်စုတ်လေးတစ်လုံး၊လက်ထဲမှာစားစရာအပြည့်နဲ့တောင်းတစ်တောင်း...ကျယ်ပြောလှသောရန်ကုန်မြို့ကြီးကိုမျက်စိတစ်ဆုံးအူလည်လည်လေးကြည့်လို့.....အယ့်တာငါပေါ့.....ငါကရန်ကုန်မှာအလုပ်လုပ်ဖို့ဆိုပြီးတက်လာတဲ့တောသားမြို့ရောက်လေး။
အူလည်လည်နဲ့ထိုကောင်လေးသည်အငှားကားဆိုတဲ့ကားကိုသူများတွေတားသလိုပဲလက်လေး၁ချောင်းရှေ့ထုတ်၍တားလိုက်သည်။
"ငါ့တူဘယ်လဲကွ"
"အလုပ်လိုချင်လို့ဗျ"
"ဟေ...အလုပ်လိုချင်ရင်တော့ရှာရမှာပေါ့ကွ....ခုကကားငှားမှာလား"
"ငှားပြီကျွန်တော်ဘယ်သွားရမလဲဗျ"
"ဟေ...မင်းသွားချင်တဲ့နေရာငါကဘယ်သိမှာတုန်းကွ"
"ဦးကြီးရဲ့ဒီဗွန်းဗွန်းမြည်တဲ့ဟာကြီးကိုစီးရင်ကျွန်တော်ကပိုက်ဆံပေးရမှာလား"
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)