ခေတ်တစ်ယောက် မောင့်အဖေ၏အခန်းထဲကထွက်လာပြီးအပေါ်ကိုပြန်တက်လာကာ စောနမောင့်အခန်းဆိုသောအခန်းကို ပြန်လာလိုက်သည်။အခန်းထဲရောက်တော့မောင်ကရှိမနေ
မောင့်ကိုရှာရန်အခန်းပြင်သို့ပြန်ထွက်လာခဲ့သည်။မောင်တို့အိမ်သည် အပေါ်ထပ်ကိုပင်တော်တော်လေးကျယ်သည် ခုမှရောက်ဖူးတဲ့အိမ်ကြီးမို့ အိမ်ကြီးကိုလည်းကြည့်ရင်းအပေါ်ထပ်မှာပင်အရင်ပတ်ရှာလိုက်သည်။
အိမ်အပေါ်ထပ်ကစက်ဝိုင်းပုံသဏ္ဏာန်ကြီးမို့ စက်ဝိုင်းတစ်ပတ်ပြည့်အောင်ပတ်ကြည့်ကြည့်လိုက်သည်။စက်ဝိုင်းတစ်ပတ်ပြည့်ခါနီး တွင် ဝရံတာလေးတစ်ခုရှိသည် ထိုဝရံတာလေးနားရောက်တော့တရှုံ့ရှုံ့နဲ့နှာရှုံ့သံလေးကြားရတာကြောင့် ဝရံတာဘက်ကိုထွက်ကြည့်ကြည့်တော့ဘယ်သူမှရှိမနေ
"ကိုခေတ်"
"အမယ်လေးဗျ!"
အသေကောင်တစ်ကောင်ရဲ့အသံလိုအေးစက်နေသော ရှင်းလျှန်၏အသံကြောင့်လန့်သွားမိသည်
"ဟေ အယ့်ခေါင်မိုးပေါ်ဘာတက်လုပ်တုန်းကွ"
ရှင်းလျှန်သည် ဝရံတာဘေးကခေါင်မိုး၏အစွန်းထွက်လေးထောင့်ကွက်လေးတွင်တက်ထိုင်နေလေသည်
"ဒီလိုပါပဲ စိတ်ညစ်လို့"
ရှင်းလျှန်ပြောတော့ခေတ်သက်ပြင်းချလိုက်မိသည်
"ဒါနဲ့ မင့်မျက်နှာမှာသွေးထွက်နေတယ်ရှင်းလျှန်လေးရ"
ခေတ်ကဝရံတာဘက်ကနေ လှမ်းပြောတော့ခေါင်မိုးပေါ်မှာထိုင်နေရာကနေထလာပါသောရှင်းလျှန် ခေတ်ရှေ့ရောက်တော့မျက်နှာကိုအနားတိုးပေးလျှက်
"သုတ်ပေးကျွန်တော့်ကို"
"ဟေ"
"သွေးတွေသုတ်ပေးလို့ ကြာပါတယ် ဆေးပါထည့်ပေးလိုက် ခဏနေဦး"ဟုပြောကာ အိမ်ထဲကိုလှစ်ခနဲပြန်ဝင်သွားသောကောင်လေး ခဏကြာတော့လက်ထဲမှာဘူးလေးတစ်ဘူးကိုင်ပြီးဝရံတာဘက်ကိုပြန်ထွက်လာပြန်သည်
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)