"တူတူ့တူ့တူ့တူတူတူး....တူတူ့တူ့တူ့တူတူတူး....."
ကုတင်ဘေးက စားပွဲပေါ်မှမြည်နေသောဖုန်းသံကြောင့် ခေတ်မျက်လုံးလေးတွေပွင့်လာခဲ့သည်။ ထိုအသံသည် ရိုးရိုးဖုန်းသံမဟုတ်ဘဲ Video call အသံဖြစ်တာကြောင့် ငုတ်တုတ်လေးအရင်ထထိုင်ကာ မျက်လုံးတွေကိုပွတ် မျက်နှာကိုအနဲငယ်ရှင်းလင်းရင်း အစိမ်းရောင်အတုံးလေးကို ဖိနှိပ်ကာကိုင်လိုက်သည်။
"ခေတ်!"
ဖုန်းကိုင်လိုက်တာနဲ့ တစ်ဖက်မှထွက်လာသောတက်ကြွတဲ့ အသံကြောင့် ခေတ်ပြုံးလိုက်သည်။
"မောင် မောနီးဗျား"
"မောနီးမောင့်ခေတ်"
ဖုန်းScreenပေါ်မှာပေါ်နေတဲ့ မောင့်မျက်နှာလေးဟာရွှင်ပြလို့။ သူ့အမေကိုပြုစုပေးနေရလို့ပျော်နေတယ်ထင်ပါရဲ့။
"ကျွန်တော့်ကိုသတိရနေရဲ့လား"
"ရပါ့ဗျာ"
"ကျွန်တော်ဘာသင်ပေးထားခဲ့လဲ"
"တွမ်တီဖိုး အာဝါ ဆဲဗမ်းဒေးလုံး မောင့်ကိုပဲသတိရနေလို့သင်ပေးခဲ့ပါတယ်ခဗျ"
ဒါသူဖုန်းဆက်တိုင်း မေးနေကျမေးခွန်း
"ဟုတ်ပြီဗျား တော်လိုက်တာခေတ်လေးက။ အာဘွားလေးပေးပါဦး"
"အယ် ဖုန်းထဲကနေဘယ်လိုပေးမတုန်းကွ။ အယ့်အစားလေ မောင်ပြန်လာမှ တစ်နေကုန်အာဘွားတွေကြီးလှိမ့်ပေးပေးမယ်ဗျား"
"အိမ်း သဘောကျလေစွ! ဟားဟား..."
"ဟားဟား...."
ဖုန်းထဲကနေတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အလွမ်းသယ်ကာ မနက်စောစောတစ်တီတူးနေကြပါသောသူတို့နှစ်ယောက်။ မောင်တစ်ယောက် သူ့အမေနှင့် လိုက်သွားခဲ့သည်မှာ ၂လပင်ရှိခဲ့ပြီ။ ထို၂လအတွင်း ခေတ်နှင့် ယခုကဲ့သို့ Video call ပြောကာ နေ့စဥ်ရက်ဆက်အလွမ်းသယ်ခဲ့သည်။
"သားခေတ် တီမေဝင်လာပြီနော်"
"ဟုတ်"
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)