နှစ်နှစ်ကာကာ ချစ်မိသွားကြတဲ့အခါ
ကိုယ်ကသူဖြစ်လာပြီး
သူကကိုယ်ဖြစ်သွားတက်တယ်။
ရှင်းရှင်းပြောရရင် စွယ်တော်ရွက်ကလေးလိုပေါ့
နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်လာတာမျိုး
-------------------------
"အသက်! အသက်ကလေး အသက်လို့""ဟင် ဟင်! ဘာဖြစ်လို့လဲ ရှင်းငယ်? အိပ်မပျော်ဘူးလား"
စိုင်းမော်ရှန်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်ကို နောက်ကနေ အတင်းလှုပ်နှိုးနေသော ရှင်းလျှန်ကြောင့်နိုးသွားရသည်။ ညကဘုန်းဘုန်းကြီးရဲ့ တိုက်ကျောင်းမှာ သွားအိပ်ဆိုတာကိုမအိပ်ကြဘဲ ခေတ်ဘကြီး၏ ခြေတံရှည် ပျဥ်ထောင်ပျဥ်ခင်းအိမ်ကြီးမှာသာ လိုက်အိပ်ကြသည်မို့ ပျဥ်ခင်းထားသောကြမ်းခင်းကြီးတွင် အိပ်ရတာ မာမာတောင်တောင်နှင့် ကျောတွေနာပြီး အိပ်မရလေသလားဟု စိုးရိမ်တကြီးကြည့်မိတော့ သူ့အားမျက်မှောင်လေးကျုံ့၍ကြည့်နေလေသည်။
"ငါ ငါဘာလုပ်မိလို့လဲဟင်?ငါ့ကိုစိတ်ဆိုးနေတာလား"
တစ်ရေးနိုးရင်တောင် ငြိုငြင်မှာကိုသိပ်ကြောက်သည်မို့ မျက်လုံးလေးတွေကိုမဝံ့မရဲကြည့်ကာမေးမိတော့ "ဟုတ်တယ်" ဆိုပြီးလေသံမာနဲ့ဖြေလေသောသူ
"ငါတောင်းပန်တယ်လေနော်"
"ဘာကိုတောင်းပန်နေတာလဲ"
"ဘာပဲဖြစ်ဖြစ် ငါမှားတာရှိလို့မင်းစိတ်ဆိုးတာမလား"
"စိတ်ဆိုးတယ်လေ။ ဒါပေမဲ့တောင်းပန်စရာမှ မလိုတာ။ ခုဘာကိုစိတ်ဆိုးလဲရောသိလား"
ရှင်းလျှန်မေးတော့ စိုင်းမော်ရှန်းက မျက်ရည်လေးတွေဥလာရင်းခေါင်းခါလေသည်။ ထိုလူသားလေးသည် သူစိတ်ဆိုးငြိုငြင်မှာကိုသိပ်ကြောက်နေဟန်
"ခုအသက်က ကျွန်တော့်ကိုကျောပေးပြီးအိပ်နေတယ်လေ။ တကယ်ဆို ရင်ခွင်ထဲထည့်ဖက်ပြီး တရွှတ်ရွှတ်တောင်နမ်းနေရမှာကို ကျောပေးအိပ်နေတော့ ကျွန်တော်အိပ်မပျော်တော့ဘူးမလား"
"ဟင်?"
"ကျစ်! ခဗျားဖက်မအိပ်လို့အိပ်မပျော်ပါဘူးဆို!"
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)