ဆေးခန်းရောက်တော့လည်းထိုလူသားသည်အရာအားလုံးကိုအထူးအဆန်းသဖွယ်မျက်လုံးလေးကလယ်လယ်နှင့်လိုက်ကြည့်နေတာကြောင့်မောင့်မှာရှက်လာရသည်....နီရဲနေသောအသားအရည်နှင့်ဝတ်ထားတာကလည်းကျပ်မပြည့်သည့်ကလေးနှယ်...ဒီ့အပြင်ခန္ဓာကိုယ်ကိုပတ်ချာလည်လှည့်ပြီးပါးစပ်အဟောင်းသားလုပ်နေသောခေတ်ထူးထူးခေတ်ကြောင့်လူအများကလည်းဝိုင်းအာရုံစိုက်နေကြလေသည်.....
"ဟား...စိတ်ရှုပ်စရာပဲကွာ"
မောင်တစ်ယောက်စိတ်ပျက်စွာငြီးတွားရင်းအရေပြားဌာနရှေ့မှာသာထိုလူသားနှင့်အတူ ထိုင်စောင့်နေလိုက်သည်။ခဏကြာတော့သူနာပြုမလေး၏"ခေတ်ထူးထူးခေတ်"ဆိုသောခေါ်သံကိုအာပြဲနဲ့ "ကျုပ်ဒီမှာဗျ"ဟုအော်ထူးသောခေတ်ကြောင့်မောင်ခေါင်းခါရင်းသာစုပ်သတ်မိသည်......
ဒေါက်တာကဆေးထိုးတော့လည်းအပ်ကသေးလို့တဲ့သူ့ကိုဆေးထိုးသတ်မလို့လားဆိုပြီးအော်ကာဟစ်ကာရုန်းသေးသည်...သူတို့ရွှာကလိုဆေးထိုးအပ်အကြီးကြီးတွေမဟုတ်လို့တဲ့လေ....ဆေးထိုးပြီးပြန်တော့လည်းမနာလို့တဲ့...သူ့အရေပြားတွေကိုတမင်ထုံအောင်လုပ်လိုက်သလားတဲ့.....
ထိုလူ့ဂွစာ၏စကားတွေကြောင့်မကြည်သာတော့သောဆရာဝန်ကြီး၏မျက်နှာနှင့်သူနာပြုမလေး၏မျက်နှာကိုသူ့မှာစေ့စေ့တောင်မကြည့်ရဲ့....သကောင့်သားကတော့သူပြောချင်ရာတွေပြောလို့ဖင်ကိုလက်ဖြင့်ပွတ်ကာထွက်သွားလေရဲ့......
ဘဝကနေ့ချင်းညချင်းအရူးတစ်ယောက်ကောက်ရလိုက်သလို.....
ဆေးခန်းကပြန်ထွက်လာတော့ကားပေါ်မှာခေါင်းခန်းကထိုင်ပြီးမှန်ကြီးကိုမျက်နှာအပ်လို့အပြင်ကိုတအံ့တသြငေးကာပါလာလေပြန်ရဲ့.....ဆေးထိုးလိုက်တာကြောင့်နီရဲတာတွေနဲနဲသက်သာသွားသလိုပင်....
"ဒီမှာခဗျား"
"ပြောဗျ.."
"ခဗျားတကယ်ပဲရွာကလာတာလား"သူမေးတော့ခေါင်းကိုဆက်ခနဲသူ့ဘက်လှည့်လာပြီးလက်သီးစုပ်ကာအားကျိုးမာန်တက်နဲ့ဖြေလေသည်....
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)