မောင်နှင့်ခေတ်တို့ညနေ၆နာရီခွဲလောက်ရောက်တော့ဆိုင်သိမ်းပြီးအိမ်ထဲသို့ဝင်လာကြလေသည်.....အိမ်ထဲသို့ဝင်လိုက်သည်နှင့် အရင်ရောက်နှင့်နေသောရှင်းလျှန်ပြည့်မောင်ဆိုတဲ့သကောင့်သားကတော့ကလန်ကလားနဲ့ဆိုဖာပေါ်မှာခွေခွေကြီးအိပ်နေလေရဲ့.......
"ဖက်"
အိပ်ပျော်နေသောသကောင့်သားကို
ဖက်ခနဲ ခြေထောက်ကိုဖျက်ရိုက်ကာနှိုးလိုက်တော့မျက်လုံးတွေပွတ်ခေါင်းတွေကုတ်ရင်းနိုးလာလေသည်...."ဟေ့ယျောင် ထ"
"ဘာလဲbroရာ"
"ဒီမှာလာသေမနေနဲ့ ထ"
"ထပြီ ထပြီ...ဒီမှာမအိပ်ရင်ဘယ်မှာအိပ်ရမလဲပြော"
ဆိုဖာပေါ်မှနေ၍မောင့်အားခပ်မာမာမေးနေပုံကဖြတ်ရိုက်ချင်စရာ...သူ့အိမ်သူ့ယာကျလို့
"ကိုခေတ်နဲ့နေလိုက်"
"ကိုခတ်...ဒီသေးသေးလေးလား..."
မောင်ကပြောတော့ ရှင်းလျှန်သည်မောင့်နောက်ကခေတ်ကိုလက်ညှိုးထိုးရင်းပြန်မေးလေသည်....
"အေးသေးသေးလေးပေမယ့်မင်းထက်အသက်ကြီးတယ် လေးလေးစားစားဆက်ဆံ....သူ့နာမည်ကိုခေတ်ထူးထူးခေတ်တဲ့"
မောင်ကခေတ်ကိုရှင်းလျှန်နဲ့မိတ်ဆက်ပေးတော့ခေတ်ကသူ့ပုံစံအတိုင်းမျက်လုံးလေးတွေခုံးသည်အထိ၊ပါးချိုင့်တစ်ဖက်ပေါ်သည်အထိပြုံးပြလေသည်....
"အလှလေးပဲ"
"ဟေ့ကောင်..မင်း..."
မောင့်၏စကားပင်မဆုံးလိုက် ရှင်းလျှန်သည်ခေတ်အနားသို့ချက်ချင်းရောက်သွားကာ....
"အကိုကအသက်ဘယ်နှနှစ်လဲ"
"၂၄နှစ်ရှိပြီဗျား"
ခေတ်၏စကားဆုံးတော့ရှင်းလျှန်တစ်ယောက်ပြုံးလိုက်၏...ထိုအပြုံးသည်တစ်စုံတစ်ခုကိုအသည်းယားလို့ပြုံးသည့်အပြုံးမျိုး
"ဟေ့ကောင်...ရှင်းလျှန်...မင်းဒီနားပြန်လာခဲ့စမ်း"
"မရတော့ဘူး"
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)