"ဆွမ်းဝတ်လေးလာသိမ်းပါတယ်ခဗျာ"
အိမ်ရှေ့မှလူနှစ်ယောက်ရဲ့ ခပ်စူးစူးအော်သံကြောင့် ခြေတံရှည်အိမ်အပေါ်ထပ်မှ လုံးပုပုအမျိုးသမီးကြီးတစ်ယောက်သည် ဟင်းချိုင့်လေး တစ်ဆင့်ကိုင်ကာ အိမ်အောက်သို့ပြေးဆင်းလာလေသည်။
သူ(မ)နေထိုင်ရာဝိုင်းရဲ့အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ ဆွမ်းဝတ်လာသိမ်းတဲ့ ဖြူဖြူချောချောအမျိုးသားငယ်လေးနှစ်ယောက်
"ဆွမ်းဝတ်လာသိမ်းတာပါ အရီးခဗျ"
သူ့ကိုတွေ့သည်နှင့် ပြုံးရွှင်လျက်ယဥ်ကျေးစွာပြောလာသော ကောင်လေးနှစ်ယောက်ကို ပြုံး၍ကြည့်မိသည်။
"မြို့ကြီးသားတွေ ခြေဗလာနဲ့လျှောက်ရတာ အဆင်မှပြေရဲ့လားတော့်"
သူ(မ)မေးတော့ထိုကောင်လေးနှစ်ယောက်သည် ပြုံးလျက်အဆင်ပြေကြောင်းဖြေလေသည်။
ဒီကောင်လေးနှစ်ယောက်သည် တယ်လည်းထူးကြသည်ကိုး။ ရန်ကုန်လိုမြို့ကြီးကနေ ခေါင်ခိုက်ချို့တဲ့လှတဲ့ သူတို့ရွာငယ်လေးထိလာပြီး ဘုန်းကြီးကျောင်းသားလုပ်နေကြသည်မို့။
"ကဲကဲ ရော့ကွယ် ဒီနေ့တော့ ဘဘုန်းအတွက် ကြက်ဆီပြန်လေးတော့်"
"ဟုတ် သာဓုပါခဗျာ။ သွားဦးမယ်ဗျ"
"အေးအေး"
ထိုအိမ်က ဆွမ်းဝတ်လေးကိုသိမ်းပြီးတာနဲ့မောင်နဲ့ရှင်းလျှန်တို့ တခြားအိမ်တွေသို့ဆွမ်းဝတ်သိမ်းရန် ဆက်ထွက်ခဲ့သည်။
ညီအကိုနှစ်ယောက် ဂုတ်ပေါ်တွင်တံပိုးလေးတွေပိုး၍ မောင်ကဆွမ်းထမ်းလေးတွေကိုထမ်းကာ ရှင်းလျှန်ကတော့ ဟင်းချိုင့်လေးတွေထမ်းလျက် ဆိုင်းထမ်းကိုယ်စီနှင့် ဆွမ်းဝတ်လိုက်သိမ်းနေလေသည်။ရောက်ရောက်ချင်းနေ့က ဦးဇင်းလေးနှစ်ပါးရဲ့ "သာသနာဘောင်မှာပျော်သလောက်နေပစ်ဦးမှာ" ဆိုတဲ့ ခပ်ပြတ်ပြတ်စကားကြောင့် သူတို့နှစ်ဦးလည်း ဘုန်းကြီးကျောင်းသားအဖြစ် ပျော်သလောက်ပါရမီဖြည့်ရန်ဖြစ်လာရသည်။
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)