မောင်နဲ့ခေတ်တို့ပါတီကပြန်လာတော့ည၁၀နာရီလောက်ရှိနေလေပြီ။ပင်ပန်းပြီးအိပ်လိုက်လာသောခေတ်ကြောင့် ကားကိုညှင်သာစွာသာမောင်းကာသာ အိမ်သို့ပြန်ခဲ့သည်။အိမ်ရောက်တော့ခေတ်ကိုနှိုးရန်ပြင်ရလေသည်။ ပွေ့ခေါ်သွားဖို့၊ကုန်းပိုးခေါ်သွားဖို့ တော့မောင်မတွေးရဲပါ။ဒီလူသားသေးသေးလေးသည် အသားတိုးဝက်ကလေးနှယ်လုံးလုံးတင်းတင်းလေးပေမို့။ အိပ်ပျော်နေသောခေတ်ကိုကြည့်ကာ မောင်အသည်းယားမိပြန်သည်။ ခေါင်းလေးစောင်းလို့ ပါးစပ်လေးဟကာ တခေါခေါတခူးခူးလုပ်နေတာကြောင့်
ဖောင်းလိုက်ပိန်လိုက်ဖြစ်နေသောပါးကြီးတွေကိုတစ်ချက်ဆွဲလိုက်တော့မျက်နှာလေးကရှုံ့မဲ့သွားလေရဲ့။"ခေတ် အိမ်ရောက်ပြီ ထတော့ ထ ထ ထ"
နဖူးပြောင်ပြောင်လေးကိုခပ်ဖွဖွတောက်ရင်းနှိုးတော့ မျက်လုံးလေးတွေပွင့်လာလေသည်။
"ထတော့ အိမ်ရောက်ပြီ"
"အင်းး အိမ်တောင်ရောက်ပြီလား မြန်တယ်ဗျား"
"အင်း ထ အခန်းထဲရောက်မှပြန်အိပ်တော့နော်"
"အင်း"
ခေတ်ကိုနှိုးပြီးတာနဲ့ နှစ်ယောက်သားကားပေါ်ကဆင်းကာ အခန်းထဲသို့သာတန်းသွားလိုက်သည်။ခြေသံကိုခပ်ဖွဖွနင်းကာတိုးတိုးတိတ်တိတ်ပင် တခြားသူတွေလည်းဒီအချိန်အိပ်နေလောက်ပြီကိုး။အခန်းထဲရောက်တော့ မျက်လုံးလေးတွေကပြူးကျယ်လို့ပြန်မအိပ်ဘဲ ကုတင်ပေါ်ငုတ်တုတ်လေးထိုင်နေသောအမောင်ခေတ်ရယ်ပါလေ
"ခေတ် ပြန်အိပ်တော့လေ"
"ငါဗိုက်ဆာလို့ကွ"
"ဗိုက်ဆာတယ်"
"အင်း"
နှုတ်ခမ်းကတွန့်ကာစူပုပ်လို့အိပ်ချင်မှုးတူးရုပ်နဲ့သူ့ဗိုက်လေးသူပွတ်နေသောခေတ်။ ဟုတ်သားပဲလေ party ကအစားအစာတွေခေတ်မှမစားတက်တာ။အအေးလောက်ပဲ သောက်ခဲ့တာဆိုတော့ဆာလောက်ရောပေါ့လေ
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)