Part 24

24.2K 2.4K 92
                                    

10.Nov.2020

ထို​နေ့ည​လေးက​ပေါ့ ရန်ကုန်မြို့ကြီးမှာ ရာသီအချိန်အခါမဟုတ်တဲ့မိုး​တွေဟာတ​ဝေါ​ဝေါရွာ​နေခဲ့​လေတယ်။​ဘုန်းမာန်ပြည့်​မောင်ဆိုတဲ့​ကောင်​လေးတစ်​ယောက်ဟာလည်း တစ်ညလုံးအိမ်မက်ဆိုး​တွေမက်ပြီး​ယောင်​နေခဲ့​လေတယ်။သူလန့်နိုးလာတဲ့အချိန်​မောဟိုက်ပြီး​ချွေး​တွေရွှဲနစ်​နေလို့​ပေါ့။​ကြောက်​နေခဲ့လိုက်တာ။တစ်​​ယောက်တည်းအိမ်မက်ဆိုး​တွေမက်ပြီး တစ်​ယောက်တည်းအထီးကျန်ပြီး တစ်​​ယောက်တည်းဆိုတဲ့စကားလုံးကြီးကိုအ​ဖော်ပြုပြီး​နေရတာသူသိပ်ကိုပင်ပန်း​နေခဲ့လိုက်တာ။အယ့်​နေ့က​​ပဲပေါ့ အိပ်မ​ပျော်​တော့တာ​ကြောင့်ဆိုင်ကို​စော​စောဖွင့်ပြီး တံခါးဖွင့်လိုက်​တော့ ဆိုင်​​ရှေ့မှာအထုပ်ကြီးအထုပ်ငယ်နဲ့ငုတ်တုပ်​လေးထိုင်ပြီး သူ့အိမ်သူ့ယာလိုအိပ်​နေတဲ့​ကောင်​လေးတစ်​ယောက်ကိုစ​တွေ့ခဲ့တယ်။​

ပေတီ​ပေစုပ်​လေးနဲ့ ​သူများဆိုင်​ရှေ့ငုတ်တုပ်ထိုင်ပြီးအိပ်​နေလိုက်တာများတကယ်ကိုသူ့အိမ်သူ့ယာ​လေးလို။ထို​ကောင်​လေးကိုလှုပ်နှိုးလိုက်​တော့ သူ့အားအိပ်ချင်မူးတူးရုပ်​လေးနဲ့​မော့ကြည့်လာ​လေရဲ့​ပေါ့။ဆံပင်​လေး​တွေ​က​ကောက်တိ​ကောက်​​ကွေးရယ် မျက်လုံး​လေး​တွေကဝိုင်းဝိုင်းကြီး​တွေရယ် အရပ်ကပုပု အသားညိုညိုနဲ့ လုံးတုံးလုံးတုံး​ကောင်​လေးတစ်​ယောက်​ပေါ့။သူနှိုးလိုက်​တော့ထလာပြီး အသံဗြဲနဲ့​မေးလာတာနာမည်ဘယ်လိုခေါ်သလဲတဲ့​လေ။သူ့နာမည်ကိုသိလိုက်တဲ့အချိန်ကစပြီး တ​မောင်​မောင်နဲ့တွယ်ကပ်​နေလိုက်တာများ အာရုံ​နောက်စရာအတိ​ပေါ့။

ထိုလူသား​လေးရဲ့နာမည်ကို​မေးပြန်​တော့လည်း လွယ်ကူစွာပင်​ရှေ့နဲ့​နောက်ကို​ပြောင်းပြန်လှန်လို့​ပေးထားသည့်အတိုင်း "​ခေတ်ထူးထူး​ခေတ်"တဲ့​လေ။မ​တော်တဆ​ကောက်ရလိုက်တဲ့အရှုပ်ထုပ်​လေး​ပေါ့ဗျာ။စကား​ပြောရင်တဗျားဗျားနဲ့ ​ပြောသမျှဟာလည်းအထူးအဆန်းရယ်။လုပ်သမျှဟာလည်းအထူးအဆန်းရယ်။ဂျီးချွတ်​ဆေးနဲ့​​ရေချိုးတဲ့ထိုလူသား၊​တွေ့ရာအရွက် ​တွေ့ရာအသားကို​ကောက်ချက်စားတက်တဲ့ထိုလူသား၊စာသင်ရမယ်ဆိုတက်ကြွ​နေတက်တဲ့ထိုလူသား၊အချိုအစိမ့်​တွေဆိုသိပ်ကြိုက်တက်တဲ့ထိုလူသား အယ့်ဒီ့လိုနဲ့ ထိုလူသား​လေးဟာ တဖြည်းဖြည်းနဲ့တစ်စတစ်စနဲ့ကျွန်​တော့်ဘဝထဲဝင်လာဖို့အ​ကြောင်းစခဲ့တယ်ဆိုပါ​တော့။
ညညဆိုအိမ်မက်ဆိုး​တွေမက်တက်တဲ့ကျွန်​​တော် သူ​ရောက်လာတဲ့​နေ့​လေးကစပြီးထိုအိမ်မက်ဆိုးမက်တဲ့အကြိမ်​ရေဟာစိပ်လာခဲ့​လေတယ်။တစ်ခါတစ်​လေလန့်နိုးလာခဲ့ရင် "ငါရှိတယ်​နော် ​မောင်"ဆိုတဲ့စကား​လေးဟာ ​ကြောက်လန့်​နေခဲ့တဲ့ကျွန်​တော့်အတွက်ပြန်အိပ်​ပျော်​စေခဲ့တဲ့အိပ်​ဆေး​လေးတစ်ခွက်လို​ပေါ့။အမြဲတမ်းသန်မာချင်​ယောင်​ဆောင်​နေခဲ့တဲ့ကျွန်​တော် ထူးဆန်းစွာပင် ထိုလူသား​လေးကို​တော့အားကိုးချင်မိရဲ့။ထူးဆန်းတဲ့စကားလုံး​လေး​တွေ​ပြောလိုက်တဲ့အခါတိုင်း၊မျက်လုံးက​လေး​တွေကိုကလယ်ကလယ်နဲ့​ဆော့ကစားလိုက်တဲ့အခါတိုင်း ထိုမျက်လုံးဝိုင်းဝိုင်း​လေး​တွေ​ကွေးညွှတ်​သွား​အောင်ပြုံးလိုက်တဲ့အခါတိုင်း၊တစ်ခါတစ်​လေမှ​ပေါ်လာတက်တဲ့ပါးချိုင့်​လေးတစ်ဖက်​​ပေါ်လာ​အောင်တဟားဟား​အော်ရယ်လိုက်တဲ့အခါတိုင်း မြတ်နိုးလိုက်ရတာ။

​မေတ္တာရိပ်မြုံ​လေးထဲဝယ်​မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now