အဲကွန်းလေ တဟူးဟူးနှင့် စိမ့်အေးနေသော အခန်းထဲတွင် လေထုသည်အေးစက်လျက်ရှိသည်။ အခန်းထဲတွင် ရှိနေသော လူသုံးယောက်အနက် နှစ်ယောက်မှာ သူ့အလုပ်နှင့်သူ ကိုယ်စီအလုပ်ရှုပ်နေပေမယ့် တစ်ယောက်မှာတော့ ထိုအလုပ်ရှုပ်နေသောနှစ်ယောက်အားစူးရဲစွာ စိုက်ကြည့်နေလေသည်။
"ရလားစိုင်း။ Paragraphတွေကအကုန်ကျက်ရမှာနော်။ အယ့်တာမှ ဖြည့်လို့ရမှာ"
"ဟုတ် ရတယ်ဆရာ။ သားဒါနားလည်သွားပြီ။သားကို Math II လေးပဲ သေချာလေးထပ်ကျင့်ပေးပါ"
"ဟုတ်ပြီ။ စာအုပ်ထုတ်လိုက်။ စိုင်း မရှင်းတာတွေပြော။ ဆရာအကုန်ပြန်ရှင်းပေးမယ်လေ နော်"
"ဟုတ်"
စိုင်းမော်ရှန်း တပည့်ဖြစ်သူအားပြောရင်း မျက်လုံးထောင့်မှမြင်နေရသော ရှင်းလျှန်၏ပုံရိပ်လေးကိုလည်း ခိုးကြည့်ကာ ခိုးပြုံးမိသည်။
သူများအိမ်မှာ ဂိုက်လုံးဝလိုက်မပြပါနဲ့ ဆိုသော ရှင်းလျှန်၏ တောင်းဆိုမှုကြောင့် သင်နေတဲ့ ၁၀တန်းကောင်လေးကို အိမ်မှာခေါ်သင်ရသည်။ တစ်ပတ်မှ ၂ရက်တည်း ခေါ်သင်တာတောင် ထို၂ရက်ရောက်တိုင်း သူကအလုပ်မသွားဘဲ သင်သင်နေတဲ့အခန်းထဲမှာ ပလက်ကုလားထိုင် တစ်လုံးချပြီး သတင်းစာဖတ်သယောင် ဘာသယောင်နဲ့ သူ့တို့ကို ချောင်းချောင်းကြည့်နေတက်သည်။
"Circleခန်း အရင်တွက်မလား 12ကို အရင်သွားမလား"
"Circleခန်းအရင်တွက်မယ် ဆရာ"
"ဟုတ်ပြီ။ ဒါဆို ဘယ်အပုဒ်နားမလည်ဘူးလဲ ပြောနော်"
"ဟုတ် ဒီမှာဆရာ ဒီဟာတွေ"
ထိုကောင်လေးက သူမရတာတွေကို လှန်လှောရင်း စိုင်းမော်ရှန်း၏အနားသို့ကပ်လာကာ ပြလာသောကြောင့် စိုက်ကြည့်နေသော ရှင်းလျှန်၏အကြည့်တွေကပို၍စူးရဲလာလေသည်။ ထိုအကြည့်တွေကိုသာ သတိထားမိမယ်ဆို ထိုကောင်လေး အရည်ပင်ပျော်သွားတန်ကောင်းပါရဲ့လေ။
"အဟမ်း!!"
ထိုကောင်လေးက သူမရတာတွေပြရင်း အနားသို့ပိုတိုးကပ်လာတာနဲ့အမျှ ရှင်းလျှန်ချောင်းဟန့်လိုက်မိသည်။ ဒါကို ထိုနှစ်ယောက်က ဂရုစိုက်ဟန်မပေါ် စာကိုသာ အာရုံစိုက်သင်နေကြလေသည်။
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)