အဝေးပြေးလမ်းမထက်တွင် တရွေ့ရွေ့နဲ့ ခုတ်မောင်းနေသော Land Cruiserကား နက်ပြာရောင်လေးသည် နေပြည်တော်မြို့ကြီး၏ အလွန်က တစ်နေရာသို့ဦးတည်လျက်ရှိသည်။
ကားပေါ်မှာပါလာသောကောင်လေးနှစ်ယောက်မှာ တစ်ယောက်က ကားမောင်းသူနေရာကနေ သေချာအာရုံစိုက်မောင်းနေပြီး ကျန်တစ်ယောက်ကတော့ မောင်းသူဘေးကခုံလေးကနေ လိုက်ပါလာကာ အပြင်ရူခင်းတွေကို တိတ်တဆိတ်ငေးလို့နေလေသည်။
ထိုကားလေးထဲကြီးစိုးထားသည်ကတော့ ခပ်တိုးတိုးသီချင်းသံလေး တစ်ပုဒ်တည်းသာ...
"ငါဟာတစ်ယောက်တည်း
လမ်းတွေပေါ်
ဂျစ်ပစီလိုပဲ ခရီးနှင်ချိန်
နေဝင်ညများဖြတ်ကျော်လာ
အချိန်တွေလည်ပတ်ခဲ့ပူလောင်နေတဲ့ကိုယ့်ဘဝထဲ
အနွံတာခံပြီးရောက်လာသူ
ဘယ်သူနဲ့မှအစားမထိုးနိုင်တယ်
ကိုယ့်ဘဝတွက်
ဒီတစ်ယောက်တည်းချစ်မယ်""သတိရလိုက်တာ"
"ဟင်"
"ခေတ်ကိုသတိရလိုက်တာလို့။ ငါပြန်စဥ်းစားကြည့်ပြီးပြီး။ ငါ့လုပ်ရပ်ကခေတ်ဘယ်လောက်တောင် စိတ်ထိခိုက်သွားလိုက်မလဲငါတွေးမိတယ်။ ငါတကယ်ဆို ခေတ်ကိုပြောပြထားခဲ့သင့်တာ။"
"............"
အပြင်ဘက်ကို ငေးရင်းပြောလာသော မောင့်စကားကို ရှင်းလျှန်ဘာမှပြန်မပြောဖြစ်။ ငြိမ်၍သာနားထောင်ပေးနေလိုက်သည်။
"တောင်းပန်ပါတယ်"
"ဗျာ"
"ငါမင်းကိုတောင်းပန်ပါတယ်လို့"
"........"
"အမြဲတမ်း ငါနာကျင်ရတာတွေကိုပဲကြည့်ပြီး မင်းဘက်ကိုမကြည့်ပေးခဲ့မိဘူး။ အမြဲတမ်းငါ့ကို အရှုံးပေးနေတဲ့မင်းကိုပိုပြီးပဲအနိုင်ယူချင်နေခဲ့တာ။ မင်းတန်ဖိုးထားတယ် ဆိုတာတွေကိုပဲ လုယူချင်နေခဲ့တာ။ မင်းကငါ့ကို အကိုဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ အမြဲတွယ်ကပ်ချစ်ပေးနေခဲ့ပေမယ့် ငါကသာ.....
မင်းအပြစ်ဘာမှမရှိပဲနဲ့ မင်းကိုစကားတွေနဲ့ရော ကိုယ်ထိလက်ရောက်ပါ ထိုးနှက်နေခဲ့မိတာ။
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)