"မောင် ထထ!မောင်!"
"ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲဟင်!"
မနက်အစောကြီးမောင့်အားတလှုပ်လှုပ်နှင့်နှိုးနေသောခေတ်ကြောင့်မောင်တစ်ယောက်အလန့်တကြားနိုးလာရလေသည်။
"ခေတ်လေးဘာဖြစ်လို့လဲဟင်!"
မျက်လုံးပွင့်တာနဲ့ငုတ်တုတ်ထထိုင်ကာသူ့ခေတ်ကိုသာအရင်စိုးရိမ်ကြီးနေသောမောင်
"ဘာမှမဖြစ်ပါဘူးဗျား ငါ့ကိုလေစောနဆရာဖုန်းဆက်တယ်။ဒီနေ့သူ့မှာအရေးကြီးကိစ္စလေးရှိလို့မနက်ဖြန်မှအချိန်ပိုဝင်ပေးမယ်တဲ့ဗျား။အယ့်တာငါကကျောင်းပိတ်တယ်ဆိုတဲ့အကြောင်းမောင့်ကိုနှိုးပြီးပြောပြတာ ဟီးဟီး ပြန်အိပ်၊ပြန်အိပ်"
သွားလေးစိကာမျက်လုံးလေးမှေးရယ်လျှက် မောင့်အားပြန်အိပ်ခိုင်းနေပြန်သောခေတ်။တကယ်ပါ ကလေးကျလို့ သူကျောင်းပိတ်တာကို လူကြီးကိုနှိုးပြီးပြောရတယ်လို့......မောင်တစ်ယောက်သဘောတကျပြုံးလျှက်ပြန်အိပ်ရန်ပြင်ပြီးမှ တစ်ခုခုကိုသတိထားမိသွားဟန်မျက်မှောင်ကျုံ့လာလေသည်။
"နေပါဦး ဖုန်းဆက်ပြောတယ်?"
"အင်းလေ မောင်ဝယ်ပေးထားတဲ့ဖုန်းလေးကိုဆက်တာ"
"ဘယ်လို!"
ရုတ်တရက်မျက်နှာကြီးကပို၍တည်တင်းသွားကာလေသံမာနဲ့ပြောလာသောမောင့်ကြောင့်ခေတ်မျက်လုံးလေးတွေဝိုင်းသွားရလေသည်။
"ဘာလို့လဲကွ"
"ဘာလို့လဲ?ခေတ်ဖုန်းထဲမှာသူများဖုန်းနံပါတ်မရှိစေချင်လို့တောင်ကျွန်တော့်ဖုန်းတစ်ခုပဲနံပါတ်၁နေရာမှာထည့်ပေးထားတာလေ။အယ့်တာကိုသူ့ကိုဖုန်းနံပါတ်လျှောက်ပေးတော့ခုခေတ်ဖုန်းထဲသူ့နံပါတ်ကပါနေရာယူလာပြီပေါ့။"
မဆိုစလောက်လေးမာသောလေသံနှင့်ပြောတော့ခေတ်ကမျက်နှာငယ်လေးနဲ့
"မောင်ကလည်း ငါမှမသိတာ"တဲ့လေ...
"ဟင်း....မဖြစ်သေးပါဘူး ဖုန်းပြ သူ့ကိုဘယ်လိုမှတ်ထားလဲ"
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)