မောင်တစ်ယောက်အလုပ်ရောက်ပြန်တော့လည်းစိတ်ကဂဏာမငြိမ်ပေ။အိမ်တွင်ကျန်ခဲ့သော ချစ်ရသူကိုသာတွေ့ချင်စိတ်တွေဖုံးလွှမ်းနေလေရဲ့ပေါ့။ထိုသို့ဖြစ်ခြင်းသည် ဒီနေ့မှမဟုတ် တရားဝင်ချစ်ကြောင်းဝန်မခံခင်ကတည်းက အလုပ်ရောင်တိုင်းခေတ်ကိုလွမ်းရခြင်းကသူ့တာဝန်တစ်ခုလို။
"ကျစ်! ဖုန်းဝယ်ပေးဦးမှပါလေ"
ဖုန်းလေးနဲ့သာဆိုအသံလေးပဲနားထောင်ထောင် Video callလေးပဲပြောပြော အဆင်ပြေသည်မလား။ကိုယ့်ဟာကိုယ်တစ်ယောက်ထဲရေရွတ်ရင်း သူငယ်ချင်းဖြစ်သူဆိုင်မှ ဖုန်းတစ်လုံးကိုချက်ချင်းလှမ်းမှာထားလိုက်သည်။ထို့နောက်ကျေနပ်ပြုံးကြီးဖြင့်ပြုံးလျှက်......
အိမ်တွင်လည်းခေတ်နဲ့စိုင်းမော်ရှန်းတို့စာသင်ခြင်းလုပ်ငန်းကိုစနေကြလေသည်။စိုင်းမော်ရှန်းသည်အသင်အပြတကယ်ပင်ကောင်းသောဆရာဖြစ်သလို ခေတ်ကလည်းဥာဏ်ထက်သည့်ကျောင်းသားလေးဖြစ်သည့်အလျှောက် ခေတ်မှာသင်ပြရတော်တော်လေးလွယ်ကူနေပြီး စာတွေတော်တော်ကိုရေးတက်ဖတ်တက်နေလေပြီ။အရင်ကမောင်သင်ပေးထားတဲ့ အခြေခံလေးကြောင့်လည်းသင်ရပိုလွယ်ကူသွားသည်ထင်ပါရဲ့လေ။
"A ဖော် အားပဲ
B ဖော် ဘော
C ဖော် ကတ်
D ဖော် ဒေါ့ခု ဟေးဟေး အယ့်ထိမှန်သလားဗျ""မှန်တယ်ဗျာ။ဒါပေမဲ့ Dက D for ဒေါ့ခုမဟုတ်ဘူး D for dog ဒေါ့ခ်"
"ဪ ဒေါ့ခ်"
"အင်း မှန်သွားပြီ တော်တယ်ဗျာကိုယ့်တပည့်က"
"ဟီးဟီးဟီး"
သွားလေးဖြဲကာသွားဖြီးလေးနှင့်အချီးကျူးခံနေပါသောခေတ်။သနပ်ခါးတွေကတော့အမြဲအဖွေးသားနှင့် ခေါင်းထိပ်ကဆံထုံးလိပ်ခွေလေးကလည်းအမြဲခွေတင်လျှက် တကယ့်ကိုမူကြိုကလေးသဖွယ် ခေတ်ရယ်ပါလေ။စာတွေရရင်တဟားဟားအော်ရယ်တက်ပြီး စိတ်ပါဝင်စားစွာလိုက်လုပ်တက်ပြန်သောခေတ်ကို စိုင်းမော်ရှန်းကပါ ညီလေးတစ်ယောက်လိုချစ်ခင်မိလေရဲ့။ ခေတ်ထူးထူးခေတ်ဟာ အချစ်တွေကိုသိမ်းပိုက်ထားတဲ့ အချစ်အိုးလေးများလားလေ။
YOU ARE READING
မေတ္တာရိပ်မြုံလေးထဲဝယ်မောင်နဲ့ငါ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)